BEC-TERO TV

ဦးသူရ(ဇာဂနာ)ခေါင်းဆောင်အဖြစ်ပါဝင်ထားတဲ့ ‘အော်တိုဘုရင်’ရုပ်ရှင် ဆင်ဆာထိ

09 Jun 2017     1,447 Views


ဒါရိုက်တာညီညီထွန်းလွင်ရိုက်ကူးတဲ့ အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားဇာတ်သိမ်းပိုင်းဆင်ဆာ ထိထားကြောင်းသိရှိရပြီး ရှစ်လပိုင်းကုန်တွင် တင်ဖြစ်မည်ဖြစ်ကြောင်း ဦးသူရ ကဆိုထားပါတယ်။

 “ရှစ်လပိုင်းကုန်လောက်ကို တင်ဖြစ်မယ်။ ဒါပေမဲ့ ဇာတ်သိမ်း က ဆင်ဆာမိထားတယ်။ ဇာတ်သိမ်းကို ဘယ်လိုပြန်လုပ်ရမလဲ ဆိုတာ အခုချိန်အထိမသိလို့ ခေါင်း တွေနောက်နေတာ။ ဇာတ်သိမ်းဆင်ဆာထိတော့ ဘယ်လိုမှပြန်ပြင်လို့မရဘူး။ အဲဒီဇာတ်သိမ်းက လည်း အရေးအကြီးဆုံးဖြစ်နေတယ်။ ဆင်ဆာကလည်း တော်တော်ဆော်ထည့်လိုက်တာ။ ဘယ်လိုလုပ်ရမှန်းမသိသေးဘူး။” လို့ ဦးသူရ က 7daydaily အင်တာဗျုးမှဖြေကြားထားပါတယ်။

အဆိုပါဇာတ်ကားတွင် ဇာဂနာ ၊ အိချောပို ၊ကျော်ကျော်ဗိုလ်တို့ ပါဝင် သရုပ်ဆောင်ထားပြီး Bo Bo Film Production မှာ ထုတ်လုပ်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။

Source; 7daydaily


09 Jun 2017     1,447 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS