BEC-TERO TV

ကိုကင်းနဲ့ ပြုလုပ်ထားသောခရီးဆောင်အိတ်ဖြင့် မှောင်ခိုသယ်လာသူ အမျိုးသမီးလေဆိပ်တွင် အဖမ်းခံရ

09 Jun 2017     2,117 Views


တရုပ်ပြည် ရှန်ဟိုင်းမြို့ရှိ လေဆိပ်တွင် ကိုကင်း မူးယစ်ဆေးဝါးများ တရားမဝင်မှောင်ခိုတင်သွင်းလာသည့် အာရှအမျိုးသမီးတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ ကိုကင်းများကို ခရီးဆောင်သေတ္တာအိတ် နှစ်လုံးဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး သေတ္တာတွင်း ထည့်သယ်လာတာမျိုးမဟုတ်ပဲ ခရီးဆောင်သေတ္တာကိုယ်၌က ကိုကင်းမှုန့်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
 
တောင်အမေရိက နိုင်ငံတစ်ခုမှ လိုက်ပါလာသော အမျိုးသမီးတစ်ဦးသည် Pudong လေဆိပ်၌ လေယာဉ်ဆိုက်စဉ် ခရီးဆောင် သေတ္တာနှစ်လုံးကို X-ray ဖြတ်ခဲ့သည်။ သာမန်အားဖြင့် ကြည့်မည်ဆိုပါက ရိုးရိုးခရီးဆောင်သေတ္တာနှင့် မခြားသော အိတ်နှစ်လုံးဟုသာ ထင်ရပါသည်။
သို့သော် X-ray ဖြတ်စဉ် သေတ္တာများထဲတွင် မည်သည့်ပစ္စည်းမျှ ထည့်မထားပဲ အလွတ်တွေ ဖြစ်နေသည်က အကောက်ခွန်အရာရှိကို သံသယဖြစ်စေခဲ့သည်။ 
 
 
ထို့ကြောင့် အကောက်ခွန်အရာရှိက သေတ္တာနှစ်လုံးကို မ ကြည့်ရာ သေတ္တာလွတ်တစ်လုံး၏ ရှိသင့်ရှိထိုက်သည့် အလေးချိန်ထက် ပိုလေးနေသည်ကို တွေ့ရှိရသဖြင့် ပိုပြီးမသင်္ကာဖြစ်ကာ သေတ္တာများကို စစ်ဆေးခိုင်းခဲ့သည်။
သိပ်မကြာမီမှာပင် သေတ္တာတစ်ခုလုံးကို ကိုကင်းမှုန့်များနဲ့ ပုံဖော်ကာ အခြားအရောများနဲ့ ရောစပ်ပြီး ခရီးဆောင်သေတ္တာပုံဖြစ်အောင် လုပ်ဆောင်ထားသည်ကို သိရှိခဲ့ရသည်။ သေတ္တာနစ်လုံးတွင် ပါဝင်သော ကိုကင်း၏ စုစုပေါင်းအလေးချိန်မှာ ၁၀.၁၉ ကီလိုရှိကြောင်း သိရှိရသည်။
 
 
ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖြစ်ပျက်ခဲ့သော အဆိုပါအကြောင်းအရာကို ယခုလ ကြာသပတေးနေ့ကမှ အပြည့်အစုံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တရုပ်နိုင်ငံတွင်းသို့ ယခုကဲ့သို့သော ပုံစံမျိုးဖြင့် မူးယစ်ဆေးဝါး တင်သွင်းလာခြင်းမှာ ပထမဆုံးဖြစ်နေသည့်အတွက် ပိုမို၍ သတိရှိကြရန် အာဏာပိုင်များက တိုက်တွန်းထားကြောင်း သိရှိရသည်။
 

09 Jun 2017     2,117 Views




RELATED

Most Popular of International News

Most Popular of NEWS