BEC-TERO TV

လက်ရှိ ရုပ်ရှင်ဆင်ဆာနဲ့ပတ်သက်ပြီး ဇာဂနာ ပြောပြီ

09 Jun 2017     1,290 Views


လက်ရှိ ရုပ်ရှင်ဆင်ဆာနဲ့ပတ်သက် ပြီးတော့ကော ဘယ်လိုအပြောင်း အလဲတွေဖြစ်သွားခဲ့ကြောင်းဦးသူရခေါ် ရုပ်ရှင်သရုပ်ဆောင် ဇာဂနာက အခုလိုပြောပြလိုက်ပါတယ်။

“အခုကတော့ ဆင်ဆာက ဒီအချက် ဒီအချက်တွေကို ထောက် ညွှန်မယ်၊ မပြင်ချင်ဘူးဆိုရင် ကိုယ့်ကိစ္စကိုယ် တာဝန်ယူ။ ဆင်ဆာ ကပြင်ဖို့ပြောတယ်။ မပြင်ချင်ရင် လည်းရတယ်။ ပြင်ပါဖြတ်ပါလို့ ပြောကိုမပြောတော့ဘူး။ ဒါတွေ တော့ ပြင်သင့်တယ်လို့ပြောပေ မယ့် မပြင်ရင်ကိုယ့်သဘော။  လက်မှတ်ထိုးသာယူသွား။ တရားစွဲရင် ခံ။ အခုကျွန်တော်တို့ စာနယ်ဇင်းလောက ၆၆(ဃ)ဆွဲရင်ခံရတယ်။အဲဒီလိုပဲ သာသနာရေးကို ထိ တယ်။ ပြင်ပါလို့ မပြောတာကို မပြင်တော့ သာသနာရေးကတရားစွဲရင်ကိုယ့်ဟာကိုယ်ခံ။ ဆင်ဆာကဝင်မရှင်းပေးတော့ဘူး။တစ်ခါ တုန်းကဖြစ်ပြီးပြီ။ ရခိုင်မှာဖြစ် တယ်။ ကယန်းမှာဖြစ်တယ်။ ဆင်ဆာကဝင်ရှင်းပေးရတယ်။ အခု မရှင်းပေးတော့ဘူးလေ။ ခင်ဗျားတို့ကို ဒါတွေပြင်ပေးပါလို့ပြော တယ်။ မပြင်ဘူး။ ခင်ဗျားတို့ဟာခင်ဗျားတို့ခံ။ ဒါတော့ ကိုယ့်တာဝန်ကိုယ်ယူကြတော့။ ကိုယ်တောင်း ဆိုတာလေ။ ကျွန်တော်လည်း ရုပ်ရှင်လောကသား တစ်ယောက်ဖြစ် နေတော့ ကျွန်တော်တို့တောင်းဆို တာကို ကျွန်တော်တို့ တာဝန်ယူရ မယ်။ မဟုတ်ရင် ဆင်ဆာမရှိသင့် ဘူး ပြောတယ်။ ဟုတ်တယ်။ ဆင်ဆာမရှိသင့်ရင် ကိုယ့်တာဝန်ကိုယ် ယူကြ။” လို့ 7daydaily က အင်တာဗျူးမှာဖြေဆိုထားတာပါ။

လက်ရှိမှာတော့ ဦးသူရ(ဇာဂနာ)ခေါင်းဆောင်အဖြစ်ပါဝင်ထားတဲ့ ‘အော်တိုဘုရင်’ရုပ်ရှင်ဇာတ်ကား ဇာတ်သိမ်းပိုင်း ဆင်ဆာထိထားကြောင်းနဲ့အဆိုပါရုပ်ရှင်ကို ရှစ်လပိုင်းကုန်တွင် တင်ဖြစ်မည်ဖြစ်ကြောင်း ဦးသူရ က ဆိုထားပါတယ်။

Source: 7daydaily


09 Jun 2017     1,290 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS