BEC-TERO TV

သခင်ပြန်အလာကို သုံးနှစ်တိုင် ရက်ဆက်မပြတ်စောင့်ခဲ့တဲ့ ခွေးကလေး

09 Jun 2017     1,609 Views


သခင်ပြန်အလာကို သုံးနှစ်တိုင်စောင့်နေခဲ့တဲ့ ခွေးကလေးတစ်ကောင်ရဲ့ ဇာတ်လမ်းဟာ သန်းပေါင်းများစွာသော လူတွေရဲ့နှလုံးကို ထိခိုက်စေခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကိုရီးယား ဘူဆန်က အဖွားအိုတစ်ဦးဟာ သေးငယ်တဲ့ လေလွင့်ခွေးလေးတစ်ကောင်ကို မွေးစားခဲ့ပါတယ်။ အဖွားအိုဟာ ခွေးကလေးကို အလွန်ချစ်ပြီး Fu Shi လို့နာမည်ပေးထားပါတယ်။ သူတို့နှစ်ဦးလပေါင်း အတော်ကြာအတူတူနေခဲ့ကြပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အဖွားအိုဟာ ဦးနှောက်သွေးကြောယိုရောဂါ နဲ့ ဦးနှောက်ထိခိုက်မှုရောဂါတွေကို ခံစားရပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ဒီရောဂါတွေနဲ့ အဘွားအိုသေဆုံးသွားခဲ့ပြီး ခွေးကလေးထံ ပြန်မလာနိုင်တော့ပါဘူး။

ခွေးကလေးကတော့ သူ့သခင် ရုတ်တရက်ပျောက်သွားတာကို ဘာကြောင့်ဆိုတာ မသိပါဘူး။ ဒါကြောင့် သခင်ရဲ့ အိမ်နားမှာ နေ့စဉ်စောင့်လျှက်ရှိပါတယ်။ အနီးအနားဝန်းကျင်က လူတွေရဲ့ပြောကြားချက်အရ ခွေးကလေးဟာ သုံးနှစ်လုံးလုံး မနက်ကနေ မိုးချုပ်တဲ့အထိ သခင်ရဲ့အိမ်အနီးမှာ သူ့သခင်ကိုမျှော်နေတတ်လေ့ရှိတယ် လို့သိရပါတယ်။ အနီးအနားကသူတွေက ခွေးကလေးကို သနားလို့ကျွေးမွေးကြပေမယ့် မွေးစားမယ့်သူတော့ မရှိပါဘူး။ ဒါကြောင့် ခွေးကလေးဟာ ညဘက်ရောက်တာနဲ့ စွန့်ပစ်အိမ်တစ်လုံးဆီကို ပြန်သွားနေတတ်ပြီး နောက်တစ်နေ့မနက်မှ ပြန်ရောက်နေတတ်ပါတယ်။
 

ခွေးကလေးရဲ့အကြောင်းကို တိရစ္ဆာန်ချစ်သူတစ်ယောက်က သိသွားပြီး ဆိုရှယ်မီဒီယာပေါ်ကို ရေးတင်လိုက်တဲ့နောက်မှာ ခွေးကလေးရဲ့ ဇာတ်လမ်းကို အားလုံးသိသွားပြီး သနားသွားကြပါတယ်။ တိရစ္ဆာန်ဆရာဝန်တစ်ယောက်က ခွေးကလေးကို စစ်ဆေးကြည့်တဲ့အခါ အသက် ၈နှစ် ရှိပြီဖြစ်ပြီး ဝမ်းဗိုက်ထဲမှာ သံကောင်တုပ်ကောင်တွေပြည့်နေတာကို တွေ့တာကြောင့် ကုသပေးခဲ့ပါတယ်။

အခုတော့ ခွေးကလေးကို ခွေးချစ်တတ်တဲ့ မိသားစုတစ်စုက မွေးစားလိုက်ပြီး Sky လို့ အမည်ပေးထားပါတယ်။

 


09 Jun 2017     1,609 Views




RELATED

Most Popular of Special or Others

Most Popular of NEWS