BEC-TERO TV

ယောက္ခမ ရ ကံကောင်းတယ်လို့ ပြောလာတဲ့ မေသန်းနု

09 Jun 2017     1,344 Views


တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲခဲ့ပေမယ့် အမုန်းတွေ မရှိကြတဲ့ မေသန်းနုတို့ လင်မယားဟာ အခုအချိန်ထိ အနုပညာအလုပ်တွေ လက်တွဲ လုပ်ကိုင်နေတုန်းဖြစ်ပါတယ်။

ချစ်သူ ဘ၀ အမျိုးသား ရဲ့ အမေနဲ့ မိတ်ဆက်ပေးတဲ့ အချိန်ကနေ လက်ထပ်ဖို့ စီစဉ်တဲ့ အချိန်ထိ ယောက်က္ခမအကြောင်း ကို ဘာမှမသိရသေးပါဘူး ။ လက်ထပ်ပြီး ကိုယ်ဝန်ရတဲ့ အချိန်မှာလဲ သမီးတစ်ယောက်လို စားချင်တာကို ချက်ပြုတ်ကျွေးတယ် ။သားအကြိုက် ချွေးမ အကြိုက်တွေ ၊ သားမွေးနေ့ ချွေးမ မွေးနေ့ အထိ မှတ်မှတ်ရရလေး မအားတဲ့ ကြားက မပျက်ကွက်ခဲ့ ပါဘူး ။

သားလေး မွေးတော့ လဲ မြေးဝေယျာဝစ္စတွေအပြင် သမီးတစ်ယောက်လို စောင့်ရှောက်ပေးတယ် ။ အရင်တုန်းကတော့ ဒါတွေ သေချာမသိခဲ့ ဘူး သားနဲ့ အတူတူနေရင်း နားလည်လာခဲ့ တယ် သားကို ချစ်ရင် ချွေးမကို ချစ်ရမယ်ဆိုတာကိုပေါ့ သားကို သိပ်ချစ်တဲ့ အတွက် သားကြီးလာရင်လဲမျှော်လင့်ချက်တေါ အများကြီး စိတ်ကူးယဉ်တဲ့ အခါ အိမ်ထောင်ရေးလဲမပါမဖြစ် ပါ ။

စဉ်းစားမိလာတယ် သားအိမ်ထောင်ကျလို့ သူ့ အိမ်ထောင်နဲ့ သူဖြစ်နေရင် ကျမ အပေါက်ဆိုးရင် ကျမဆီလာလည်ပါ့ မလား

သားကျွန်မကို ချစ်ပါတော့ မလား ။ အမေနဲ့ ချွေးမ လွန်ဆွဲနေရင် သားစိတ်ချမ်းသာပါ့ မလား ၊ သားစိတ်ဆင်းရဲလို့ မဖြစ်ဘူးဆို ပြီး ယောက်ခမ ကို အရမ်းလေးစားခဲ့ တယ် ။ သားကို ချစ်တဲ့ မိခင်တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိတယ် ။ သားက မွေးတဲ့ မြေးနဲ့ သမီးက မွေးတဲ့ မြေးတွေကို လဲ မျှမျှတတ အမြဲရှိတယ် ဘာဝယ်ဝယ် ၂ခု အမြဲဝယ်ပေးတယ် အမေ့မျက်နှာက အမြဲ ပြုံးနေတတ်ပြီး ဘာသာရေး လူမှုရေး နဲ့ အမြဲ ပျော်နေတတိပါတယ် ။

ကျွန်မ ယောက္ခမ ပညာတတ်မဟုတ်ပါဘူး ။ဈေးရောင်းပါတယ်။ ဖုန်းလည်းမကိုင်တတ်ပါဘူး ။လူချမ်းသာကြီးလည်းမဟုတ်ပါဘူး ။ ကျွန်မ ယောက်က္ခမ ရ အရမ်းကံကောင်းတယ် ။ သားမွေးတဲ့ မိခင်တိုင်း ဒီလို စိတ်မျိုးရှိရင် ကောင်းမှာပဲ လို့ တွေးမိပါတယ်။ နောက်ပြီး ကိုယ်တိုင်ရော ဒီလို စိတ်မျိုး သဘောကျရင် ဒီလိုစိတ်မျိုးမွေးနိုင်ပါ့ မလား ။

ကြိုးစားရမှာပေါ့နော် ကျွန်မသားကို ချစ်တယ်လေ ။ ချွေးမက ကျွန်မဆီ လာလည်ချင်မှ သားက ကျွန်မဆီလာမှာပေါ့ ။ မြေးလေးတေါက ကျွန်မကို ချစ်မှ ကျွန်မဆီ လာလည်ချင်မှာပေါ့ ကျွန်မက မမျှတရင် သူတို့ လေးတွေြိုညသ်မျာပေါ့ ။ သူတို့ လေးတေါ အားကိုးရာ မဲ့ ချိန် အမေဆိုပြီး ပြေးသတိရတဲ့ သူဖြစ်ချင်တယ် ။ ကျွန်မလည်း တချိန်မှာ ယောက္ခမဖြစ်မှာ မလွှဲမသွေ ပဲ လေ လို့ ပြောသွားခဲ့ပါတယ်။ 


09 Jun 2017     1,344 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment