BEC-TERO TV

စင်ကာပူ ဆာတေးအကင် ခွေးသား ကြောင်သားများနဲ့ လုပ်ရောင်းဟု သတင်းကြီး

09 Jun 2017     1,498 Views


စင်ကာပူနိုင်ငံ လူစည်ကားရာရပ်ကွက်တစ်ခုဖြစ်သည့် Gaylang Raya Bazaar ရှိ လမ်းဘေးအကင်ဆိုင်တွင် ခွေးသား၊ ကြောင်သားများကို ဆာတေး အကင်ချောင်းများအဖြစ် ရောင်းချနေခြင်းကြောင့် စင်ကာပူကျန်းမာရေးဝန်ကြီးဌါနက ဆိုင်ရှင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်အွန်လိုင်းတွင် သတင်းများ ပျံ့နှံ့ခဲ့သည်။
 
 
အဆိုပါသတင်းမှာ သတင်းအမှားသာလျှင်ဖြစ်ပြီး အာဏာပိုင်များ သွားရောက်စစ်ဆေးချက်အရ အွန်လိုင်းတွင် သတင်းပျံ့နှံ့ခဲ့သလို ခွေးသား၊ ကြောင်သားများ၊ လည်လှီးသား(hala) မဟုတ်သည့် အသားများကို အကင်အဖြစ်ရောင်းချနေခြင်း မဟုတ်ပဲ  လိုင်စင်မရှိသည့် အသားများကို ရောင်းချခြင်းနှင့် တရားမဝင်အလုပ်သမားများကို စစ်ဆေးတွေ့ရှိခြင်းကြောင့် ဆိုင်ရှင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရ ဝဘ်ဆိုက်တွင်  ပြန်လည်ဖြေရှင်းခဲ့ရသည်။
 
 
စင်ကာပူ လူမှုအင်အားဝန်ကြီးဌါန၊ ရဲတပ်ဖွဲ့နှင့် အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီတို့ ပူးပေါင်းကာ လုပ်ရိုးလုပ်စဉ် ဆောင်ရွက်နေကျအတိုင်း ရှောင်တခင် လှည့်လည်စစ်ဆေးစဉ် ယခုကဲ့သို့ တရားမဝင်အလုပ်သမားများနှင့် လိုင်စင်မဲ့ အသားများကို အကင်အဖြစ်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
 
 
 
မည်သို့ပင်ဆိုစေကာမူ အဆိုပါ ဆာတေးအကင်ရောင်းသူသည် ခွေးသား၊ ကြောင်သားများကို အသုံးပြုခဲ့သည်ဟု စင်ကာပူလူမှုကွန်ယက် အသိုင်းအဝိုင်းက ယုံကြည်နေကြဆဲဖြစ်သည်။ သင်ရော ဘယ်လို ထင်မြင်မိပါသလဲ,,?
 
 

09 Jun 2017     1,498 Views




RELATED

Most Popular of Special or Others

Most Popular of NEWS