BEC-TERO TV

ကိုယ်လုံးတီးနှင့် ဈေးဝယ်ထွက်သူ အမျိုးသမီးကို ရဲကစုံစမ်းဖမ်းဆီး

10 Jun 2017     1,373 Views


အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဝတ်အစားမပါပဲ ကိုယ်လုံးတီးနှင့် ဈေးထွက်ဝယ်ခဲ့သဖြင့် အင်ဒိုနီးရှားရဲများက လိုက်လံရှာဖွေကာ သူမ၏ နေအိမ်တွင် သွားရောက်ဖမ်းဆီးကာ စစ်ဆေးမေးမြန်မှုများ ပြုလုပ်ခဲ့ကြသည်။
 
အမည်ဖော်ပြထားခြင်းမရှိသော အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက အောက်ပိုင်းအတွင်းခံအသေးတစ်ခုသာ ဝတ်ဆင်ထားပြီး အဝတ်အစားမပါပဲ ဆေးဆိုင်တစ်ဆိုင်တွင် တိုင်းရင်းဆေးတစ်မျိုးလာရောက်တယ်ယူခဲ့သည်။
 
ထို့နောက် ဇွန်လ ၅ ရက်နေ့တွင် နောက်ထပ်တစ်ဖန် ဘရာစီယာသာ ဝတ်ဆင်ထားပြီး ကိုယ်တုံးလုံးဖြင့် အခြားလမ်းမတစ်ခုပေါ်တွင် ဈေးဝယ်ထွက်ခဲ့ကြောင်း စီစီတီဗီပုံရိပ်များမှ သိရှိခဲ့ရသည်။
 
ဂျကာတာမြို့ မှုခင်းနှိပ်နင်းရေးအရာရှိ Andi Adnan က “သူသယ်သူလဲဆိုတာ ကျွန်တော်တို့ လေ့လာခဲ့ပြီး သိလိုက်ရတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ အိမ်ကို သွားဖမ်းခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
ဗီဒီယိုဖိုင် နှစ်ခုလုံးကို အပြန်ပြန်အလှန်လှန် လေ့လာပြီးတဲ့နောက်မှာ သူမရဲ့ နောက်ကျောက တက်တူးအရုပ်ကို တွေ့ပြီး တစ်ယောက်ထဲဖြစ်တယ်ဆိုတာကို ရဲကကောက်ချက်ချ ထောက်လှမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။
 

10 Jun 2017     1,373 Views




RELATED

Most Popular of International News

Most Popular of NEWS