BEC-TERO TV

တဖက်သတ်သိမ်းကြုံးပြောနေကြတာလေးတွေ ဆင်ခြင်ပေးစေချင်ပါတယ်လို့ အဆိုတော် Y ZET ပြောကြား

12 Jun 2017     1,256 Views


ဖြစ်နိုင်မယ်ဆို မန္တလေး ကို မန္တလေး ကသူတွေကို တဖက်သတ် သိမ်းကြုံးပြောနေကြတာလေးတွေ ဆင်ခြင်ပေးစေချင်ပါတယ် လူနည်းစုလေးကြောင့် ဖြစ်ပျက်သွားတာအားလုံးသိသလို အခု သူတို့လဲ သူတို့လမ်းသူတို့ သွားပါပြီ ...

လုံခြုံရေးအတွက်ကို ၉ ရက်နေ့တစ်ရက်လုံး ကျွန်တော်ကိုယ်တိုင် နယ်မြေအပိုင် ရဲစခန်းအထိတောင်သွားပြီး ကြိုစီစဉ်ပေးခဲ့ပါတယ် ( ၉ ရက်နေ့ မနက်ကတောင် အဲရဲစခန်းကနေ check in ဝင်ပြီး ကျွန်တော့ ဘော်ဒါတစ်ကောင်ကို စထားတာလေးရှိပါသေးတယ် ကြည့်ကြည့်ပါ ဒါတွေကတကယ်ဆိုကျွန်တော်စေတနာသီးသန့်နဲ့လိုက်စီစဉ်ပေးတာပါ ) ပြောချင်တာကလိုအပ်တာထက်တောင်ပိုစီစဉ်ပေးခဲ့တာပါ ဒါတွေသိလို့ ( ပုံမှန်စင်တာလုံခြုံရေး အင်အား ရဲဝန်ထမ်း အင်အားအပြင် မန္တလေး Pioneer မှ security အင်အားများပါ ကျွန်တော့ကို ရင်းနှီးမှူနဲ့ လာရောက်ကူညီပေးခဲ့တာပါ ) ပွဲကျင်းပတဲ့သက်ဆိုင်ရာနေရာက သက်ဆိုင်ရာတာဝန်ရှိသူတွေဆီမှာစုံစမ်းကြည့်ကြပါ ..

ပြီးတော့ အဆိုးဆုံးဖြစ်ရပ်က အခု လိုင်းပေါ်မှာပြန့်နေတဲ့ ဗီဒီယို ဖိုင်ထဲမှာ ဖြစ်သွားတာမဟုတ်ကြောင်း ကွင်းထဲက ပြန်ထွက်တဲ့လမ်းတွေထဲကတစ်ခု ( block တွေဘာတွေတော့ တာဝန်ရှိသူတစ်ယောက်ယောက်မှသိပါလိမ့်မယ် ) ဖြစ်သွားတာလို့သိရပါတယ် ...

ကျွန်တော်အပိတ်အနေနဲ့ပြောချင်တာက ကျွန်တော်တို့မန္တလေးမှာ မန္တလေးကသူတွေမှာ အပြစ်မရှိပါဘူး အဲသလိုမြို့နာမည်ကြီးတပ်စော်ကားနေတာမျိုးလေးမလုပ်ဖို့ ကျွန်တော်မေတ္တာရပ်ခံပါရစေ တကူးတက ဖျက်လိုဖျက်ဆီးလုပ်သူတွေက နေရာတိုင်းမှာရှိတတ်ပါတယ် ... အဲလိုလူတွေကြောင့်ပဲအခုဆို ပွဲတွေကိုခွင့်ပြုမိန့်မပေးတော့တာတွေဘာတွေ တကယ်မိုက်တဲ့အနုပညာရှင်တွေ ပွဲလုက်မရဖြစ်တာတွေ ဖြစ်လာတဲ့အခါကျ မန္တလေးပဲ နစ်နာရပါတယ် ...

မန္တလေးက ကျွန်တော်တို့ကိုချစ်ကြတဲ့သူများ ( ကျွန်တော်တို့ ကိုချစ်ကြတဲ့သူများ ) နဲ့ ကျွန်တော်တို့သူငယ်ချင်းတွေအားလုံးတစ်သားထဲရှိနေပါတယ်

Source: Htet Nway Oo

Photo Credit - Young Creator


12 Jun 2017     1,256 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS