BEC-TERO TV

အနာရှိလို့ စပ်သွားရင်တော့ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုတဲ့"ဘောင်ချာ" သီချင်း

12 Jun 2017     1,265 Views


ဒီနေ့ညအိပ်မပျော်လို့ စိတ်ထဲမှာအခဲမကျေဖြစ်စေတဲ့အရာလေးတွေပြန်စဉ်းစားမိပြီး သီချင်းလေးတစ်ပုဒ်ရေးဖြစ်တယ်ဗျာ..
သီချင်းကတော့ ဒီအတိုင်းစိတ်ကူးမိတာရေးတာပါပဲ..
ခံစားချက်တချို့ပါသွားခဲ့ရင်တော့မတတ်နိုင်ဘူးလေနော်..
ဘယ်သူဘယ်ဝါကိုမှရည်ညွန်းပြီးရေးမထားပါဘူး..
အနာရှိလို့ စပ်သွားရင်တော့ ကိုယ့်အကြောင်းနဲ့ကိုယ်လို့ပဲမှတ်ပေါ့..
ကိုယ့်ဘဝနဲ့ကိုယ်မနေပဲ အခုထိပြဿနာလာလုပ်ချင်သေးတဲ့သူတွေအတွက် နေတတ်သွားအောင် အတိတ်ကအကြွေးစာရင်းတွေပြန်ရှာပြီး သီချင်းတစ်ပုဒ်လုပ် ဘောင်ချာစုတ်လိုက်ပြီကွယ့်!!
သီချင်းနာမည်ကိုပါ "ဘောင်ချာ" လို့ပေးလိုက်တယ်..
ဒီသီချင်းမှာ စုစုပေါင်း၅ပိုဒ် ( intro တစ်ပိုဒ်၊ Chorus တစ်ပိုဒ်နဲ့၊ Rap သုံးပိုဒ်) ပါတယ်..
ကျွန်တော့ပရိတ်သတ်တွေဟောဒီလိုRapသီချင်းမျိုး ကမ္ဘာပေါ်မှာကြားဖူးလိမ့်မယ်မထင်ဘူး..
ဘာလို့ဆို ထူးခြားချက်က သီချင်းအပိုဒ် ၅ပိုဒ်စလုံးမှာ တစ်ပိုဒ်ချင်းစီအတွက် ကာရံအရှည်ကြီးတစ်ခုထဲနဲ့တစ်ပိုဒ်လုံးရေးထားတာတွေချည်းဖြစ်နေလို့ပါပဲ
ဒီသီချင်းက တစ်ကိုယ်တော်ခွေထွက်ရင်ပါလာမှာပါ..
တကယ်လို့ ဒီသီချင်းစာသားပို့စ်မှာ Like တစ်သိန်းရခဲ့မယ်ဆိုရင်တော့ ခွေမထွက်ခင်အွန်လိုင်းကနေဒီသီချင်းကိုအခမဲ့ဖြန့်မယ်ဗျာ
Like တစ်သိန်းတောင်းတာတခြားကြောင့်မဟုတ်ပါဘူး..
ကျွန်တော့ရဲ့ follower ၂သိန်းခွဲထဲကမှ ပရိတ်သတ်အစစ်က ဘယ်လောက်ရှိမလဲဆိုတာသိချင်လို့ပါ
ကဲ!!
အရပ်ရှစ်မျက်နှာ ကြားနာဖို့ ဒီသီချင်းနဲ့မေတ္တာရေအေးတိုက်ကျွေးလိုက်မယ် ရည်းစားဟောင်းများသောက်သုံးကြလေတော့.. ရော့...

""ဘောက်ချာ""

[intro]
ကိုယ်ရောစိတ်ပါနှစ်လို့ချစ်လို့တစ်သက်လုံး တွဲလာသမျှတွေထဲ..
အတိတ်ကာလတွေထဲမှာငါ့ကိုမျက်ရည် ရွှဲကာကျစေတဲ့..
နင်နဲ့အကြောင်းတွေအခုပြန်တွေးနေမိရင် အမြဲဟာသတွေပဲ..
အခုဆိုကော်ကပ်ရာတွေအတိနဲ့ငါ့ရင်ထဲမှာ အသဲဟာလှနေတယ်..
ကောက်ရိုးမီးကိုလင်းပြီထင်တဲ့နင့်ရဲ့ တလွဲမာနတွေနဲ့..
အခုဆိုဖုန်းဆက်ကြူတဲ့ကောင်တောင်မချန်ဘူးလာသမျှ ဘဲတကာကျနေသတဲ့...
အရင်ကဘုရားရှိခိုးတိုင်းဆုတောင်းမိတာ"သူနဲ့ မခွဲခွာပါရစေနဲ့.."
အခုတော့"အရှင်ဘုရား သူသာနတ်ပြည်ရောက်ရင်တပည့်တော် ငရဲမှာသွားနေမယ်.."

[Chorus:]
(အောင်မလေးလေးးးးးးး အောင်မလေးလေ
အံ့ သြစရာကြီးကွာနော် ကောင်မလေးရေ...
ငါ့ကိုကလေးလေးးးးထင်ပြီးလာPlayနေ...
မင်းကိုအဇမ်း ကြောက်တာပဲ အောင်မလေးလေ)

[Rap-1]
{{{လူတချို့က
အသက်သာကြီးလာမရင့်ကျက်ပါ.. မျက်နှာကြီးရာဟင်းဖတ်ပါ..
အဲလိုလူတွေငွေနောက်လိုက်ရင်း ဖိနပ်သာစီးတာလင်းကြက်ပမာ..
"အဆိုတော်နိုင်းဝမ်းသူ့ချစ်သူနဲ့ ပြတ်ပါပြီခင်မျာ"သတင်းတက်လာ..
ဖတ်သာကြည့်ပါယင်းပြဿနာ.. ရှက်စရာကြီးဗျာ အင်း ခက်ထှာ..
သူ့လိုဟန်ဆောင် ဇာတ်နာဖီးလ်ကာမငြင်းတတ်ပါ ဒါကြောင့် လက်ခါပြီးသာအတင်းထွက်လာ..
လောကကြီးမှာသစ္စာရယ်လို့ အရက်သာရှိတာပုလင်းဖက်မှာ..
မင်းလိုလူနဲ့ဆက်မတွဲဘူး မက်စရာမရှိပါမင်းထွက်ကွာ..
ဖြတ်မှာပြီးမှမင်းအတွက်ငါ.. Rapဆရာကြီးကသီချင်းစပ်မှာ...
ပြီးရင်ဆုတ်တွေရှင်းပြီးလာဘ်ပြန်ဝင်အောင် လက္ခဏာကြည့်ကာမရှင်းတတ်ပါ..
အဲဒါနဲ့ တစ်ပတ်စာအတိငါပုဇင်းတက်တာ.. ငါ့ရဲ့ အထက်ကမ္ဘာကြီးဟာလင်းလက်လာ..
မင်းဘဝရဲ့ပုဒ်စာမှာတော့ အမှတ်တစ်ရာအတိပါမင်းတွက်တာ..
ငါ့ကိုမငဲ့ပဲမင်းအဆင်ပြေဖို့တစ်ခုထဲ အတွက်အသာစီးကနင်းတက်ပါ
ရည်းစားဟောင်းတွေတမ်းတပြီးတော့ တစ်ရက်တစ်ခါဖီးလ်တာမင်းပြဿနာ..
အရပ်တကာအသိပါမင်းမရှက်တာ.. ပြဿနာမရှိပါမင်းအတွက်ဒါ..
ဇယက်မကြီးကအတင်းလက်နာ ပြတော့သူရဲ့ Catနာကြီးခမျာခံတွင်းပျက်လာ..
အဲလိုလူစင်စစ်ကနွားဖြစ်နေတဲ့ သတ္တဝါကြီးသာမင်းထပ်ရှာ
 

[Rap-2]
{{{ငါ့ရဲ့နှလုံးလမ်းကြောင်းမှာအပြတ်အတောက်တွေနဲ့ လက္ခဏာမှာပြတယ်..
သူ့အပေါ်စိတ်သွားနှစ်မိတာကငါ့အတွက် တစ်သက်စာမဟာအမှားပဲ..
မိသားစုလိုက်ကုလားမနိုင်ရခိုင်မဲ ပြဿနာရှာကြတယ်..
အမေတောင်မရိုက်ခဲ့ဖူးတဲ့ငါခန္ဒာဝယ် မပြတ်ပါအနာတရနဲ့..
ခပ်စွာစွာခင်များရဲ့.. ပါးစပ်ဟာကမ္ဘာရှားပဲ..
လူကြားသူကြားတောင်မသွားရဲတော့ဘူး ရှက်စရာပါငါ့နှယ်..
ဖက်ကာသာထားတယ်.. ငါ့မှာ မျက်နှာပါတအားငယ်..
သူ့ခမျာFacebook မှာလဲလူတွေသနားအောင် ဇာတ်နာတာများတကယ်..
ငါ့ရှေ့မှာစင်ပေါ်တက်ပြီးမင်းတို့လုပ်ပြနေကျသလိုတော့ လက်လာခါမပြနဲ့..
ရှက်တတ်ရင်လဲသေလို့ရလို့ အသက်ပါပါသွားမယ်..
နင်ကဒတ္တဂီရိဆိုတဲ့ဘီလူး ထက်ပါဆရာကျတယ်..
မျက်နှာတစ်ရာမကတဲ့ စင်္ကြာဝဋ္ဌာအလှမယ်...}}}

[Rap-3]
{{{ကိုယ်တတ်ကျွမ်းတဲ့အနုပညာနဲ့ ငါကသီချင်းသမားလုပ်..
သမာအာဇီဝမြန်မာပြည်ပတ်ပြီး ရှာစားရင်းကကျုပ်..
မန္တလေးရောက်တုန်းမင်းလုပ်လိုက်သမျှ ငါကြားခြင်းကအဟုတ်..
နင်ဖျက်လိုဖျက်ဆီးလုပ်ရအောင်လဲအဲဒါ ငါ့ကားမင်းကားမဟုတ်...
ငါစော်ပြတ်တာအွန်းလိုင်းမှာဖွချက် မြန်မာကုလားသတင်းအလား"ဘုတ်"
ငါကပဲစအကွက်တွေရွှေ့သတဲ့ ဘာလား?အတင်းများတုတ်..
ဆက်ဆက်ထိမခံပဲပြဿနာလာ ရှာမလားရှင်းမလား လုပ်..
အမေကတော့အားပေးရှာတယ် ငါ့သားမင်းအမှားမဟုတ်
ဗမာစကားရှင်းမှရှုပ်.. ဂျာနယ် ဆရာများစဉ်းစားလုပ်..
ကျွန်တော်ကသူထပ်တွဲတဲ့တဏှာရူးလိုလဲ အပြာကားမင်းသားမဟုတ်..
ဒါကြောင့် အထာထားရင်းမှကျွန်ုပ် ဘာအမှားအယွင်းမှမလုပ်..
ပရိတ်သတ်များစိတ်ချ! နောင်ဘယ်တော့မှနိုင်ငံ့ဂုဏ်ဆောင် ဟွာများစာရင်းဇယားမရှုပ်...}}}
 

ဒါပဲနော်
အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါဗျ

[ 9one ရေးသည် (June 12/2017 4am) ]

Source: Nine One Facebook

 


12 Jun 2017     1,265 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS