BEC-TERO TV

Facebook တွင်ဟာသများပြောတတ်သည့် ကိုးတောင်ပြည့်ဂွေးကြီးဆရာတော် လူထွက်ပြီ

12 Jun 2017     2,277 Views


လူမှုကွန်ယက် Facebook ပေါ်တွင် ကြံကြံဖန်ဖန်ဟာသများကို ပြောတတ်သောကြောင့် နံမည်ကြီးနေသည့် ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် သာသနာ့ဘောင်မှ ပြန်လည် လူဝတ်လဲလာကြောင်း သိရှိရသည်။
 
လူအမည် ဦးသိန်းဇော် (ခ) ဦးဆင်ပေါက်မှာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ပြီး သာသနာ့ဘောင်သို့ ဒုလ္လဘရဟန်း ဝတ်ခဲ့ခြင်းဖြစ်သည်။ ရဟန်းဝတ်နေစဉ်ပင် ဟာသများပြောဆိုတတ်သည့် ဉာဉ်ကိုသိနေသည့် ဒကာများက စကားစမြည်များပြောကာ ဗီဒီယိုရိုက်တင်ခဲ့ပြီးနောက် လူမှုကွန်ယက်တွင် လူသိများလာခဲ့သူတစ်ဦးဖြစ်လာခဲ့သည်။
 
လက်ရှိတွင် မြင်းခြံမြို့ အမှတ်(၁၂) ရပ်ကွက်တွင် နေထိုင်ပြီး တီးဝိုင်းဇာတ်ပွဲထောင်ထားကြောင်း သိရှိရသည်။
 
 
 
 
 

12 Jun 2017     2,277 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment