BEC-TERO TV

လုက်ယက်ခံခဲ့ရသည့် အဖိုးအိုကို စာနာစိတ်ဖြင့် အွန်လိုင်းသုံးသူများ လှူဒါန်းခဲ့ရာ ၃၂ သန်းကျော်ရရှိ

12 Jun 2017     1,349 Views


အသက် ၉၄ နှစ်အရွယ်ရှိပြီး ငှက်ပျောသီးရောင်းချကာ အသက်မွေးနေရတဲ့ အဖိုးကြီးတစ်ယောက်က နှစ်သစ်ကူးရင် လိုအပ်တဲ့ပရိဘောဂလေးတွေ ဝယ်ဖို့ သူစုဆောင်းထားတဲ့ အင်ဒိုနီးရှားရူပီး ၁ သန်း(အမေရိကန် ၇၅ ဒေါ်လာ)ပိုက်ဆံကို လူသုံးဦးက လုယူသွားတဲ့အတွက် လမ်းမပေါ်မှာ တုန်တုန်ယင်ယင်နဲ့ အော်ဟစ်ငိုကြွေးနေတဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုမိသူတိုင်း သနားဂရုဏာသက်မိကြရပါတယ်။
 
 
မစ္စတာဆူရတ်မန် အသက် (၉၄) နှစ်ရဲ့ အနီးကို လူသုံးဦးက အသီးအနှံများ ဝယ်မလိုလိုနှင့် ကားဖြင့် ချဉ်းကပ်ခဲ့ပြီးနောက် အနီးသို့အရောက်တွင် အဖိုးအို၏ ပိုက်ဆံအိတ်ကို လုကာ ကားမောင်းထွက်ပြေးသွားခဲ့ကြခြင်းဖြစ်သည်။
 
ပိုက်ဆံအိတ်ထဲတွင် အင်ဒိုနီးရှားရူပီး ၁ သန်းခန့် ပါသွားခဲ့သည်။ အဆိုပါ ပိုက်ဆံများမှာ လာမည့် ဇွန်လ ၂၅ ရက်တွင် ကျရောက်တောမည့် နှစ်သစ်ကူးကာလတွင် ပရိဘောဂများဝယ်ယူရန် မစားရက်မသောက်ရက် စုဆောင်းထားသော ငွေကြေးများ ဖြစ်သည့်အတွက် အဖိုးအိုမှာ ယူကျူံးမရ ငိုကျွေးခဲ့ရသည်။ 
 
အဖိုးအို၏ သနားဂရုဏာသက်စရာ ဗီဒီယိုကို တွန်မီရတ်ဇ် အကောင့်ပိုင်ရှင်က လူမှုကွန်ယက်အွန်လိုင်းတွင် တင်ခဲ့ပြီးနောက် ပျံ့နှံ့သွားခဲ့သည်။ ဗီဒီယိုကို ကြည့်ရှုမိသော လူမှုကွန်ယက်အသုံးပြုသူများက အဖိုအိုကို စာနာစိတ်ဖြင့် စုပေါင်း၍ လှူဒါန်းခဲ့ရာ အင်ဒိုနီးရှားရူပီ ၃၂ သန်း(အမေရိကန်ဒေါ်လာ ၃,၀၀၀) ရရှိသွားခဲ့သည်။
 
 
 
မစ္စတာဆူရတ်မန်တွင် သားသမီး ၁၀ ဦးနှင့် မြေး ၅၂ ဦးရှိပြီး နေ့စဉ်နေ့တိုင်း မြို့ထဲမှာ ငှက်ပျောသီးလှည့်လည်ရောင်းချနေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်
 

 


12 Jun 2017     1,349 Views




RELATED

Most Popular of Special or Others

Most Popular of NEWS