နိုင်ပွဲမရသေးတဲ့ မကာအိုလက်ရွေးစင်နှင့် မြန်မာလက်ရွေးစင်အသင်းတို့ ယနေ့ကစားမည်
13 Jun 2017 1,667 Views

၂၀၁၉ ခုနှစ်မှာ ကျင်းပမယ့် AFC အာရှဖလားပြိုင်ပွဲခြေစစ်ပွဲတတိယအဆင့် အုပ်စု(က) ပွဲစဉ်(၂)ပွဲစဉ်ဖြစ်တဲ့ မကာအိုလက်ရွေးစင် အသင်းနှင့်မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ (ဇွန်လ ၁၃ရက်) မြန်မာစံတော်ချိန်ညနေ (၆း၀၀) နာရီအချိန်တွင် မကာအို အိုလံပစ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည့်အပြင် မကာအိုရောက် မြန်မာဘောလုံးချစ်ပရိသတ်များအနေဖြင့်လည်း Gate (2) မှ ဝင်ရောက်ကာ အခမဲ့ ဝင်ရောက် ကြည့်ရှု အားပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် မကာအိုအသင်းနှင့်မြန်မာအသင်းတို့ပွဲစဉ်ကို for SPORTS ရုပ်သံလိုင်းနဲ့ pyone Play Facebook page တို့ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရှိရသည်။