မြတ်ကေသီအောင် တူမ patricia
13 Jun 2017 2,227 Views

သရုပ်ဆောင် နယ်ပယ်မှာ တဖြည်းဖြည်းနေရာ ရလာတဲ့ Patricia ဟာအနုပညာမျိုးရိုးရှိတယ်လို့ အရင်ကမပြောဘူးပေမယ့် အမှန်တကယ်ကတော့ သရုပ်ဆောင် မြတ်ကေသီအောင် အဒေါ်တော်ပါတယ်လို့ ပြောထားပါတယ်။
Fashion Image မှာ cover ရိုက်ပြီး အနုပညာလောက ထဲကိုရောက်ရှိခဲ့ တာလဲ ဖြစ်ပါတယ် ။မော်ဒယ်လ် စလုပ်တုန်းက ၁၂ ပဲ ရှိသေးတယ်လို့ ပြောထားပါတယ်။ မောင်နှမ သုံးယောက်မှာ အလတ်ဖြစ်ပြီး အကိုတစ်ယောက်မောင်တစ်ယောက်ရှိပါတယ် ။

လက်ရှိ ဗီဒီယို ကားငါးဆယ် ၀န်းကျင် ရိုက်ကူးထားပြီး ရုပ်ရှင်ကားကြီး ဆယ်ကားကျော် ရိုက်ကူးထားပါတယ်။
London မှာကျောင်းတက်ဖို့ ပြင်ဆင်နေရင်း ဇာတ်ကားရိုက်ကူးမှုလေ ကမ်းလှမ်း လာတဲ့ အတွက် ကိုယ်ကိုတိုင်ကလဲ ၀ါသနာပါပြီး မာမီ ကလဲ လုပ်ကြည့် ဆိုပြီး ခွင့် ပြုပေးလို့ အနုပညာ လောက ထဲ ကို အပြီးဝင်လာခဲ့ တာလဲ ဖြစ်ပါတယ်။ စိတ်ကြီးပြီး ကလေးဆန် ပေမယ့် ခင်တဲ့ သူတွေနဲ့ ဆို စကားအရမ်းများတယ်လို့ လဲ ပြောထားပါတယ် ။

Credit: myanmar celewiki





