လိင်ဖျော်ဖြေမှုကျေးကျွန်အဖြစ် ကွန်တိန်နာပုံထဲ နှစ်လကြာပိတ်လှောင်ခံရသူအမျိုးသမီးအား ကယ်တင်
13 Jun 2017 1,452 Views
ကွန်တိန်နာပုံးထဲတွင် နှစ်လာကြာမျှ ပိတ်လှောင်ချုပ်နှောင်ခံထားရသည့် အမျိုးသမီးငယ်တစ်ဦးကို ရဲတပ်ဖွဲ့ က ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ တွင် အမေရိကန်နိုင်ငံ ကယ်ရိုလိုင်းနားတောင်ပိုင်းမှာ ကယ်တင်ခဲ့ကြရပါတယ်။ အဆိုပါအမှုကို ကျူးလွန်ခဲ့သည့် တရားခံမှာ လူ(၇)ဦးကို သွေးအေးစွာ သတ်ဖြတ်ခဲ့သူတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
အသက် ၃၀ နှစ်အရွယ် Kala Brown နှင့် သူမ၏ချစ်သူ Charles Carver တို့ နှစ်ဦးဟာ သြဂုတ်လ ၃၁ ရက်နေ့ ထဲက ပျောက်ဆုံးသွားကြောင်း ရဲစခန်းမှာ တိုင်ချက် ဖွင့်ထားပါတယ်။ အဆိုပါတိုင်တန်းချက်အရ ရဲအဖွဲ့ က လိုက်လံရှာဖွေ စုံစမ်းခဲ့ပြီးနောက် နိုဝင်ဘာလ ၄ ရက်နေ့ မှာ ပြစ်မှုကျူးလွန်သူ အသက် ၄၆ နှစ်အရွယ် Kohlhepp ဆိုသူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Kohlhepp ဟာ အိမ်ခြံမြေအေးဂျင့်တစ်ဦး ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန်အတွက် Kala Brown နှင့် သူမ၏ ချစ်သူကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ Kala Brown ၏ ထွက်ဆိုချက်အရ သူမ၏ချစ်သူ Charles Carver ကို Kohlhepp က သေနတ်နှင့်ပစ်သတ်ခဲ့ပြီး မြေမြုတ်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။
အဆိုပါအမှုကို စုံစမ်းစစ်ဆေးပြီး တရားရင်ဆိုင်ခဲ့ရာ မေလ ၂၆ ရက်နေ့ က လူ(၇)ဦးကို သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားခဲ့သဖြင့် သေဒဏ် (၇)ကြိမ်ဆက်တိုက်ကျခံစေရန်နှင့် မည်သည့်အကြောင်းနှင့်မျှ သေဒဏ်ကို ငြင်းပယ်ခွင့်မရဟု စီရင်ချက်ချမှတ်ခဲ့သည်။