BEC-TERO TV

ဆွီဒင်နိုင်ငံမှ ချီးမြှင့်သော Olof Palme Prize 2005 ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူ

13 Jun 2017     1,649 Views


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆွီဒင်နိုင်ငံ Olof Palme Memorial Fund မှ ချီးမြှင့်ခဲ့သည့် Olof Palme Prize ဆုကို ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Gustav Adolfs Torg 1 ခန်းမတွင် ကျင်းပသည့် အခမ်းအနားသို့ ၁၂-၆-၂၀၁၇ ရက်တွင် တက်ရောက် လက်ခံရယူခဲ့ကြောင်းသိရသည်။
 

 

 

 


အဆိုပါဆုသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၅ ခုနှစ်တွင် ချီးမြှင့်ခဲ့သော ဆုလည်းဖြစ်သည်။

Source: မြန်မာကိုယ်စားလှယ်အဖွဲ့

 


13 Jun 2017     1,649 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS