BEC-TERO TV

ကိုယ်ဝန်သည်ချစ်သူရှိပေမယ့် တိတ်တိတ်ပုန်းချစ်သူနဲ့လူရှေ့မရှောင်လေယာဉ်ပေါ် ချစ်ရည်လူးခဲ့တဲ့အမျိုးသား(ရုပ်သံ)

14 Jun 2017     1,338 Views


မကြာခင်လက်ထက်မယ့်ကိုယ်ဝန်သည်ချစ်သူရှိနေတဲ့ အမျိုးသားတစ်ဦးက တိတ်တိတ်ပုန်း တွဲနေတဲ့ချစ်သူနဲ့ အတူ အမြင့်ပေ 32000 မှာ လူရှေ့မရှောင်ထင်တိုင်းကြဲကာချစ်ရည်လူးနေတဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာပြီး နောက်ပိုင်း အဆိုပါရုပ်သံဖိုင်က အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ် ။ ဒါ့အပြင်အဆိုပါဖြစ်ပွားမှုကို The Sun သတင်းစာ ခေါင်းကြီးပိုင်းကနေ ဖော်ပြခြင်းခံရတဲ့အထိ ထင်ပေါ်ခဲ့ပါတယ်။

 

မကြာခင်မှာ လက်ထပ်ပွဲဆင်နွှဲတော့မယ့် သတို့သား Shaun Edmondson (31)နှစ်ဟာ စပိန်နိုင်ငံ၊ ကျွန်းမြို့တော်  Ibiza ကို Ryanairလေကြောင်းလိုင်းက လေယာဉ်ခရီးစဉ်နဲ့ ပြန်လာစဉ်မှာ တိတ်တိတ်ပုန်း တွဲနေတဲ့ချစ်သူနဲ့ အမြင့်ပေ 32000 မှာ ချစ်ရည်လူးဖို့ဟန်ပြင်နေပြီး ရုပ်သံဖိုင်မှာတော့နှစ်ယောက်စလုံးက လေယာဉ်ပေါ်ပါ လူပုဂ္ဂိုလ်တွေ အပြင်ပတ်ဝန်းကျင်ကို ဂရုမစိုက်သလို၊လေယာဉ်ပေါ်ကလူတွေကို ” တစ်ယောက်ယောက်မှာ ကွန်ဒုံးမပါကြဘူးလား “လို့တောင် အရှက်မဲ့စွာ မေးခဲ့ပါသေးတယ်။ ယင်းနောက် ဆိုးဆိုးရွားရွား မဖွယ်မရာပြုလုပ်နေမှုကို လေယာဉ်ပေါ်က ခရီးသည်တစ်ဦးက အမှတ်မထင် ဖုန်းနဲ့ဗီဒီယို မှတ်တမ်းတင်ခဲ့တာပါ။လေကြောင်းလိုင်းက မန်ချာစတာကနေ ကျွန်းမြို့တော်  Ibiza ကိုသွားတဲ့ခရီးစဉ်ပါ။

အဆိုပါရုပ်သံဖိုင်ထဲက အမျိုးသားဖြစ်သူ Shaun Edmondsonက မကြာခင်မှာ သူရဲ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့ Jenna Ross အမည်ရတဲ့ အသက် 25 နှစ်အရွယ် အမျိုးသမီးနဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။ Shaun Edmondson နဲ့နီးစပ်ရာအသိုင်းအ၀န်းကတော့ Shaun Edmondson ကမိန်းမရှုပ်ပွေသူဖြစ်ကြောင်း၊ရုပ်သံပါအမျိုးသမီးကလည်း ခရီးသွားလာရင်တွေ့ခဲ့ဟန်တူကြောင်း၊စကားပြောဆိုကြင်နာရင်းအခုလိုလွန်ကျူးနိုင်တာဖြစ်နိုင်ကြောင်း၊အမှတ်မထင်ချစ်ရည်လူးပုံပေါ်ကြောင်း ချက်ချင်းတွေ့၊ချက်ချင်းချစ်ကာ၊ချက်ချင်းရှုပ်ပွေခဲ့နိုင်တာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ DailyMail မှာဖော်ပြထားပါတယ်။ အခုလို ရှုပ်ပွေခဲ့တဲ့ Shaun ရဲ့ လုပ်ရပ်ဟာ The Sun သတင်းစာမှာပင် ခေါင်းစီး သတင်းနဲ့  ဖော်ပြခြင်းခဲ့ရပေမယ့် ဒီလုပ်ရပ်ကြောင့် သူနဲ့ Ross တို့ လက်ထပ်ပွဲကို ထိခိုက်စေလိမ့်မယ်မဟုတ်ဘူးလို့လည်း Shaun နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

လက်ရှိမှာတော့ သတိုးသမီးလောင်းRoss က ကိုယ်ဝန်ခြောက်လလွယ်ထားရပြီး အခုလို သတင်းတွေနဲ့ ပတ်သက် ပြီးတော့ သတို့သမီးဘက်က ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကိုတော့ သတင်းမှာ မဖော်ပြထားပါဘူး။ Ross နဲ့ Shaunတို့ နှစ်ယောက်က ပြီးခဲ့တဲ့ 6 နှစ်က စတင်စုံတွေ့ခဲ့ကြပြီး၊ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။


14 Jun 2017     1,338 Views




RELATED

Most Popular of Special or Others

Most Popular of NEWS