BEC-TERO TV

အဆုံးစီရင်သွားတဲ့ အိမ်အကူမိန်းကလေးရဲ့ မှတ်တမ်းစာအုပ်ကို သူငယ်ချင်းဖြစ်သူ အင်ဒိုမိန်းကလေးက ဖေ့စ်ဘွခ်တွင် အမှတ်တရတင်ထား

14 Jun 2017     1,532 Views


ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံတွင် ၁၈ လွှာအမြင့်မှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် မြန်မာမိန်းကလေး၏ အမည်မှာ မဇင်မာဦး ဖြစ်ပြီး သူမ၏ ဒိုင်ယာရီဆန်ဆန်ရေးသားထာသော မှတ်တမ်းစာအုပ်ကို စင်ကာပူတွင် သူမ၏ တစ်ဦးတည်းသော သူင်ချင်းဖြစ်သည့် အင်ဒိုနီးရှားမလေးက သူမ၏ ဖေ့စ်ဘွခ်စာမျက်နှာတွင် မနေ့က အမှတ်တရ တင်ထားခဲ့သည်။


“နင့်စာအုပ်လေးကို ငါသိမ်းထားပါတယ် ဇင် ရယ်၊ နင်ဟာငါရဲ့ ထာဝရသူငယ်ချင်းကောင်းပါ။ ငါအခုချိန်ထိ နင့်အတွက် မျက်ရည်တွေအပြည့်နဲ့ ဆုတောင်းပေးနေပါတယ်။ နင်ရုတ်တရက်ကြီး ခုန်ချသွားတာ ငါမေ့လို့မရသေးဘူး” ဟု အဓိပ္ပါယ်ရသော စာသားများနှင့် ဖော်ပြထားခဲ့သည်။


သူမဖော်ပြထားသည့် ပုံတစ်ပုံတွင် မဇင်မာဦးက သူမ၏ အေးဂျင့်ဖုန်းနံပါတ်ကို ရေးသားထားခဲ့ပြီး မြန်မာပြည်မှ ဖုန်းနံပါတ်ဟု ယူဆရပြီး ဆက်သွယ်ကြည့်သည့်အခါ “လတ်တလောတွင် ဆက်သွယ်၍မရနိုင်ပါ” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

 

သူမရဲ့ မှတ်တမ်းအချို့မှာ သူမ၏ အလုပ်လုပ်ရသော အချိန်များဟု ယူဆရသော အချိန်နာရီများ၊ စားသောက်ရသော အစားအသောက်များကို သူမ၏ သူင်ချင်း အင်ဒိုနီးရှားသူလေးကို ပြောချင်ချင်သဖြင့် အင်္ဂလိပ်စာ အားနည်းစွာဖြင့် ရေးသားရင်ဖွင့်ထားခဲ့ဟန်တူသည်။


တာဝန်ရှိသူများအနေနှင့် မြန်မာအိမ်အကူမိန်းကလေး နစ်နာမှုမရှိရစေရန် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြဖို့ရန် အထူးလိုအပ်ပါသည်။

 


14 Jun 2017     1,532 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS