BEC-TERO TV

ခေတ်သစ်နေအေးတွေ လက်ထဲရောကသွားတတဲ့ သူနာပြုဝတ်စုံလေး

15 Jun 2017     1,228 Views


စီးပွားရေးကျပ်တည်းတာကို အကြောင်းပြပြီး အလုပ်ကိုကြိုးစားလုပ်ကိုင်ချင်စိတ်မရှိပဲ အချောင်လိုချင်တဲ့ စိတ်ဓါတ်နဲ့ လိမ်လည်လှည့်ဖြားတဲ့ လူတွေ မြို့ပေါ်မှာ ပုံစံမျိုးစုံနဲ့ တွေ့နေရတတ်ပါတယ်။

လိမ်လည်နည်းတွေကို သိတဲ့လူတွေကလည်း သိနေပြီဆိုတော့ လိမ်စားတဲ့ လူတွေကလည်း ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့ မရိုးအောင် ဆန်းသစ်တီထွင် အငိုက်အမိဖမ်းကာ လိမ်လည်တတ်ကြပါတယ်။ ယခုလည်း အင်မတန်မွန်မြတ်လှတဲ့ သူနာပြုဝတ်စုံကို ခုတုံးလုပ်၊ ဇာတ်လမ်းတွေထွင်ကာ ပိပိရိရိလိမ်စားနေတဲ့ အမျိုးသမီးတစ်ဦးကို ရှောင်ရှား အရေးယူနိုင်စေဖို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက သူ့ကိုလယ်လို လိမ်လည်သွားခဲ့တယ်ဆိုတာ ပြန်လည် ပြောပြထားပါတယ်။

==============================


မနေ့က (ဇွန်လ ၁၂ ရက်) ည ၉ နာရီ ခွဲလောက် ကားရွေ့မလို့ အိမ်အောက်ဆင်းပြီး ကားတံခါးအဖွင့်မှာ -
"အကိုရေ.. အာသောက ကားမှတ်တိုင်ကိုဘယ်လိုသွားရမလဲ" လို့ မေးသံကြားလို့ လှည့်ကြည့်လိုက်တော့ နပ်(စ်) မလေး တစ်ယောက်။
(ကျောက်မြောင်းထဲ Special nurse လာလုပ်ပြီး အိမ်ပြန်နောက်ကျနေတဲ့ဆရာမလေးဖြစ်မယ်) လို့ တွေးပြီး..
"ဒီလမ်းအတိုင်း တည့်တည့်သွား လမ်းဆုံးရင် ညာဘက်ချိုးပါ။ အာသောက မှတ်တိုင်ကို တွေ့လိမ့်မယ် "လို့ လမ်းညွှန်ပေးလိုက်တယ်။ ဒါပေမယ့် သူက မသွားသေးပဲ -
"အကို " "ဟို…ဟိုလေ….။ ကျွန်မ ပိုက်ဆံအိတ်ကျ ပျောက်သွားလို့ သမီးက သန်လျှင်ထိ ပြန်ရမှာ
အဲဒါ ဖြစ်နိုင်ရင်ကားခလေး အကူအညီ ပေးပါလား" . . . တဲ့ ။

 


(သူ့ခမျာ ဒုက္ခရောက်နေရှာတာဘဲ) လို့ တွေးပြီး ကားပါကင်စောင့်တဲ့ အဘိုးကြီးကိုပေးဖို့ ယူလာတဲ့
၅၀၀/တန်ကို သူမ လက်ထဲထည့်ပေးလိုက်တယ်။
"ရော့ " ညီမ " "ဒါကိုယူသွား လမ်းထိပ်မှာ သန်လျှင်ကို သွားတဲ့ ကြားကားတွေ ရှိတယ်။
တစ်ယောက်ကို ၅၀၀ ပဲ ပေးရတယ် အဲဒါစီးသွားလိုက်”


ဒါပေမယ့် သူမကပိုက်ဆံကိုမယူဘဲထပ်ပြောတယ်။
“သမီးအမေနေမကောင်းလို့ အိမ်ကို မြန်မြန်ပြန်ရောက်အောင် ကားငှားပြီးပြန်ချင်တာ။ ကားငှားလို့ရအောင် ၆၀၀၀ လောက် ခဏ ချေးပါလား။ သမီးက ဟို ရှေ့နားက အိမ်မှာ လူနာလာပြုစုတာပါ။ ဖုန်းနံပါတ်ပေးခဲ့မယ်လေ။ အကို့ ဖုန်းနံပါတ်လဲ ပေးပါ။ မနက်ကျရင် အကို့ဆီဖုန်းဆက်ပြီးလာပေးလိုက်ပါ့မယ် . . . တဲ့”
("ဒီ ကောင်မလေးတော့ ငါ့ကိုအချဉ်ဖေါက်နေပြီ") . . . တွေးပြီး
"ဒါဆို ညီမ ဖုန်း ပေးထားခဲ့လိုက်လေ" လို့ ပြောလိုက်တော့၊
"ဖုန်းက ပျောက်သွားတဲ့ ပိုက်ဆံအိတ်ထဲမှာ ပါသွားတာ" . . . . တဲ့ဗျ။


(ငါ့ကို ဒါမျိုး လာစားလို့တော့ ဘယ်ရမလဲ ။ ငါလဲပြန်ကျပ်မယ်) လို့တွေးပြီး။
"ဒါဆို ညီမ ကားပေါ်တက် သန်လျှင်ရောက်တဲ့အထိလိုက်ပို့ပေးမယ်" လို့ပြောလိုက်တော့ မျက်နှာပျက်သွားပြီး
"မပို့ပါနဲ့ " . . ."အားနာစရာကြီး Taxiဖိုးဘဲ ကူညီပေးပါ" တဲ့ဗျို့။
"ပေးစရာ ပိုက်ဆံတော့ ပါ မလာဘူး ညီမရေ.. တခြားလူတွေဆီဘဲအကူအညီတောင်းလိုက်ပါ" လို့ ပြောလိုက်တော့မှ အခြေအနေ မဟန်မှန်းသိလို့ လစ်သွားပါတော့တယ်။


ဒါနဲ့ သူထွက်သွားတော့ ကားကိုမရွှေ့ဖြစ်သေးဘဲ စဉ်းစားနေမိတယ်။
ဒီကောင်မလေး ရုပ်ရည်လေး သနားကမားနဲ့ သူနာပြုဝတ်စုံကို အလွဲသုံးစားလုပ်ပြီး လူတွေကို လိုက်လိမ်နေတယ်။ ဒါမျိုး ဘယ်နှစ်ယောက်ကိုများ လိမ်ပြီးပြီလဲ မသိဘူး။ နောက်ထပ်လဲ လိမ်ဦးမှာဘဲ လို့တွေးပြီး သူ့နောက်က လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။


ကားမီးတွေပိတ်ပြီး မောင်းလာခဲ့တော့ "အမယ်" . . . "သူကနောက်ထပ် သားကောင်တစ်ယောက်ကို အမိဖမ်းနေပြီ။ Lexus ကားနဲ့ သူဌေးပုံပေါက်တဲ့ ဘဲကြီး တစ်ပွေကိုဗျ။
အဲဒါနဲ့ လမ်းဘေးကပ်ပြီးစောင့်ကြည့်နေလိုက်တယ်။ ခဏကြာတော့ ဘဲကြီးက ပိုက်ဆံပေးမယ့်ပုံစံနဲ့ ကားထဲက ပိုက်ဆံအိတ်ကို လှမ်းအယူမှာ ကျွန်တော်က ကားကိုမောင်းထွက်လိုက်ပြီး သူမ ဘေးမှာ ရပ်လိုက်တယ်။
ပြီးတော့. . . "ညီမ ခုထိ မပြန်သေးဘူးလား" လို့ မေးလိုက်တော့ ဟိုလူကြီးပေးမယ့် ပိုက်ဆံကိုတောင် မယူနိုင်တော့ဘဲ ပြေးတော့တာပဲဗျို့။ ဒီလို ပုံစံမျိုးစုံနဲ့ လိမ်စား နေကြတဲ့သူတွေ အများကြီးရှိပါတယ်။
Friends တို့ကိုလာပြီး အချဉ်ဖေါက်ရင်လည်း လွတ်အောင်ရှောင်နိုင်ကြပါစေ။

Credit:Yan Naing


 


15 Jun 2017     1,228 Views




RELATED

Most Popular of Special or Others

Most Popular of NEWS