BEC-TERO TV

စင်ကာပူမှာ အိမ်အကူအလုပ် လာလုပ်မည်စိတ်ကူးလျှင် ဒါမျိုးတွေ ရှိတယ်ဆိုတာ သိထားသင့်တယ်...

15 Jun 2017     1,608 Views


၁) အိပ်ရာမှ မနက် ၅ နာရီ (တချို့ဆို ၄ ခွဲ) ထရပါမည်။
အိပ်ယာမှနိုးသည်နှင့် သဋ္ဌေးမခိုင်ထားသမျှကို အရင်ဦးဆုံးလုပ်ထားပေးရပါမည်။ ပြီးလျှင် အိမ်သန့်ရှင်းရေးစရျ် လုပ်ကိုင်ရပါမည်။ သဋ္ဌေးမ က မနက်စာစားဖို့ကို ဘယ်နှစ်နာရီမှ စားရမယ်လို့ ပြောထားပါလိမ့်မယ်။ သူပြောသော အချိန်ကျမှသာစားရပါမည်။အချိန်မဟုတ်ဘဲ စားနေတာတွေ့လျှင်အဆူခံတက်ပါသည်။ (အခါမသင့်ရင် အေဂျင့်သို့ ပြန်ပို့ခံရပါလိမ့်မည်)
 
ပြီးလျှင်ဈေးသို့သွားခိုင်းတက်ပါသည်။ (တချို့) ဈေးဝယ်ခိုင်းလဲဈေးကိုသွက်သွက်လက်လက်ဝယ်ပြီးတာနှင့် အိမ်အမြန်ပြန်လာပါ။ (တချို့ အိမ်ရှင်တွေက လိုက်ချောင်းတက်ပါသည်) အိမ်ရောက်သည်နှင့် ချက်ပြုတ်ရန်အဆင့်သင်လုပ်ပေးထားရပါမယ်။
 
နေ့ခင်း ဘက် ထမင်းစားချိန်တွင်လည်း သူတို့ကျွေးသည်သာစားရပါမည။ တချိုက ဆန်ပြုတ်၊ တချို့က ခေါက်ဆွဲပြုတ်၊ တချို ညကကျန်တဲ့ထမင်းဟင်းများနွှေးစားကြရပါသည်။
 
(စလုံး လူမျိုးများသည် အလုပ်သမားက အစားအစာ ကိုများများစားလျှင်မကြိုက်ကြပါ) ထို့ကြောင့်သူတို့ပေးသမျှသာလျှင် လောက်အောင်စားရပါသည်။
 
အလုပ်လေးအားလို့ ထိုင်နေခြင်း၊ ဖုန်းပြောခြင်း၊ အိပ်ခြင်း၊ အစားကို ခိုးစားခြင်း၊ ခိုးအိပ်ခြင်း၊ အပြင်သို့ခိုးထွက်ခြင်း တို့ကို လုံးဝမကြိုက်ပါ။
 
အဘိုး အဘွား ခလေးများ TV ကြည့်နေရျ် သွားထိုင်ကြည့်ခြင်းလုံးဝခွင့်မပြုပါ။ ညစာကို သူတို့ချက်ခိုင်းသော အချိန်တွင်းသာချက်ပြုတ်ရပါသည်။ စောစောချက်ပြုတ်ထားခြင်း မကြိုက်ပါ။
 
အခန်းများအတွင်း မီးများဖွင့်ထားလျှင် လိုက်ပိတ်ပစ်ပါ။ စလုံးတွင် ရေဖိုးမီးဖိုး ဈေးကြီးသောကြောင့် အလုပ်သမားကိုပင်ဆူတက်ပါသည်။
 
အားလုံး ပြီးဆုံးလို့ ညအိပ်ချိန်သည် ၁၁ နာရီ ကျော်မှသာ အိပ်ရပါသည်။ အိပ်သောနေရာသည် တခါတလေ အိမ်ရှင်ခလေးများနှင့် တခါတလေ အဘိုး အိပ်သော်အခန်း (အဘိုး သည် ကုတင် ပေါ် အလုပ်သမား ကုတင် အောက်တွင် စောင် သို့မဟုတ် မွေ့ရာအပါးလေးခင်းရျ်အိပ်ပါသည်)....
 
သို့ဖြစ်ရျ် ကျ်မျှလောက်သောအလုပ်များကို နေ့စဉ်ရက်ဆက် စာချုပ်အတိုင်း၂ နှစ်ပြည့်အောင်လုပ်ကြရပါသည်။
 
တချို့မှာ ခွင့်ရက်ရရှိပါသည် တချို့မှာ ခွင့်ရက်တောင်မရကြပါဘူး။ ဖုန်းလဲ သဋ္ဌေးမက ပေးသုံးမှ သုံးခွင့်ပြုသည်။ များသောအားဖြင့် ပေးမသုံးကြတော့ပါ။ အဘယ်ကြောင့် ဆိုသော် ဖုန်းသုံးလျှင်အလုပ်ပျက် တက်သောကြောင့်သဋ္ဌေးများမကြိုက်ပါ။
 
၂) ကားရေဆေးတက်ရပါမယ်...
 
၃) အိမ်တွင်သုံးသော မီးပူ၊ တချို့မီးပူများသည် ရေနွေးငွေ့သုံးရျ်တိုက်ရပါသည်).....
 
၄) အဝတ်လျှော်စက်ဖွက့်တက်ပိတ်တက်ရပါမည်.(တချို့အိမ်ရှင်များက သင်ပေးပါသည်)
 
၅) စလုံးတွင်တချိုု့က အိမ်အလုပ်အပြင် ခလေးလဲထိန်းပေးရပါသည်။ တချို့က အဘိုး အဘွား များလဲကြည့်ပေးရပါမည်။ သို့ပါရျ် ခလေးထိန်းတတ်ရန်သင်ခဲ့ရပါမည်။ တချို့အဘိုးအဘွားများသည်ကျန်းမာရေးမကောင်းပါ။
ဒါကြောင့် ၂၄ နာရီ မရပ်မနားလုပ်ပေးကြရပါသည်။ ဒါတင်မကပါ အလုပ်လုပ်ရာတွင်အဆင်မပြေမှုများရှိခဲ့ရင် အိမ်မှာရှိသော် အဘွား သော်လည်းကောင်း သဋ္ဌေးမ သော်လည်းကောင်း သူတို့ရဲ့ ဆူပူမှုကိုလဲ အမြဲခံနေကြရပါလိမ့်မည်။
 
အိမ်သန့်ရှင်းရေးလုပ်ရာတွင် နေရာတိုင်းအားလုံးကိုအဝတ်ဖြစ် တနေရာမကျန် လိုက်သုတ်ရပါမည်။
သဌေးမ လက်နဲ့သုတ်ကြည့်လို့ ဖုန်းပေလျှင်အပြောခံရပါလိမ့်မည်။
အိမ်သာသန့်ရှင်းရေးလုပ်လျှင်လဲ ပြောင်လက်နေအောင် အနံဆိုးတွေမရှိအောင်သေခြာစွာဆေးကြောပေးရပါသည်။ စလုံး လူမျိုးများသည် အသန့်ကြိုက်များဖြစ်ပါသည်။
 
ထိုသို့သော အလုပ်များကိုနေ့စဉ်ရက်ဆက် သင်လုပ်ပေးသွားနိုင်မည်လော သေချာစွာစဉ်စားပါ။ ဒီထဲတွင် ဒီထက်ဆိုးသော အိမ်ရှင်များ အများကြီး ရှိပါသေးသည်။ တချို့ဆို အိမ်သာဘေးတွင်အိပ်ခိုင်းသည်။ တချို့ဆို ခွေးလှောင်အိမ်ဘေးတွင်အိပ်ရသည်။
 
တချို့ဆို အိမ်သာအရှေ့တွင် စောင်အပါးလေးခင်းရျ်အိပ်ခိုင်းသည်။
ဒါမျိုးတွေ သင်နေ့စဉ်နေ့တိုင်းလုပ်ကိုင်ရမည်။
နေရမည်ကို အရင်ဆုံးတွေးကြည့်ပါ။ ခံစားကြည့်ပါ။ သေချာမှ စင်္ကာပူ မြို့မှာအလုပ်လာလုပ်ဖို့ ဆုံးဖြတ်ပါ။ ငွေကို အလွယ်တကူ ရှာဖွေလို့ရတာ ဘယ်နိုင်ငံမှ မရှိပါ။
 
အေးဂျင့်တွေပြောစကားကို မယုံကြည်ပါနဲ့။ ဒီလိုအလုပ်တွေလုပ်တက်အောင် အင်္ဂလိပ် စကား မလေးစကားနဲ့ တရုပ်စကားအနည်းငယ်မျှ မှ မတက်ဘဲ စလုံး မှာ အလုပ်လာမလုပ်ပါနဲ့ အနှိမ်ခံရပါမယ်။ စိတ်ဖိစီးမှုခံစားရပါလိမ့်မယ်...
 
သို့ပါရျ် သင်လာချင်ရင် အတက်ပညာတခုခုရရှိစေမဲ့ သင်တန်း မျိုးကိုတက်ရောက်သင်ကြားပြီးမှာလာခဲ့ပါလို့ အကြံပေးပါရစေ။
 
စလုံး မှာမြန်မာလူမျိုးအချင်းချင်း ဒုက္ခရောက်တာ တွေ့လို့ကူညီချင်တောင် တခါတလေ အိမ်ရှင်ရှိနေလျှင်ကူညီခွင့်မရပါ။ အိမ်အလုပ်သွားလုပ်မည်ကြံပါက ဒါမျိုးတွေကို အရင်လုပ်နိုင်အောင် သင်ကြိုးစားခဲ့ပါ.မလုပ်နိုင်ဘူးထင်ရင် သူများစကားနားမယောင်ပါနှင့်။
 
စလုံး မှာ အလုပ်လုပ်သောလူတိုင်း အပျင်းခိုခွင့်မရှိကြသလို့ အိပ်ကောင်းခြင်းလဲ မအိပ်ကြရပါဘူး။ သူများအပြောမယုံပါနှင့် စလုံးမှာ ပျော်ရွှင်နေကြတဲ့ ပုံတွေမြင်တိုင်းအထင်မကြီးပါနဲ့ ။ လူတိုင်းမှာအလုပ်နဲ့ လက်မပြတ်လုပ်နေကြရတာပါ။ နာရီ ပိုင်းစက္ကန့်ပိုင်းလေးတွေသာ ဒီလိုသာယာမှုကို ဖန်တီး ယူပြီးပျော်နေကြရတာပါ။ အချိန်ပြည့် ပျော်ရွှင်လွတ်လပ်နေကြတာဘဲလို့မထင်လိုက်ကြပါနဲ့....
အမှားကြီး မှားသွားပါလိမ့်မယ်...
 
သဘောကောင်းတဲ့ အိမ်ရှင်တွေနဲ့တွေတဲ့ သူတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် အနည်းစုပါပဲ။
ဆင်ခြင်နိုင်အောင်ပါ။
 
Source: သီမာ

15 Jun 2017     1,608 Views




RELATED

Most Popular of Special or Others

Most Popular of NEWS