BEC-TERO TV

ဆွီဒင်နိုင်ငံဖျော်ဖြေပွဲတွင် ရေဗူးနဲ့ ပစ်ပေါက်ခံခဲ့ရတဲ့ ဂျက်စတင်ဘီဘာ

15 Jun 2017     1,521 Views


ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပခဲ့သော Summerburst ဂီတဖျော်ဖြေပွဲတွင် ပရိသတ်များတောင်းဆိုသော သီချင်းကို သီဆိုရန် ငြင်းပယ်ခဲ့သည့်အတွက် ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာ ရေဗူးနဲ့ ပေါက်ခံခဲ့ရသည်။

စပိန်အဆိုတော်နှစ်ဦးဖြစ်သည့် ဒယ်ဒီယန်းကီးနှင့် လူစီဖန်တို့၏ သီချင်း “Despacito” ကို ရောသမမွှေကာ ဂျက်စတင်ဘီဘာ သီဆိုခဲ့ပြီး အထူးလူကြိုက်များသည့် သီချင်းကို ပရိသတ်က တောင်းဆိုခဲ့ရာ ဂျက်စတင်ဘီဘာက စပိန်စာသားများ အလွတ်မရသောကြောင့် သီဆိုဖျော်ဖြေရန် ငြင်းပယ်ခဲ့သည့်အတွက် ရေဗူးဖြင့် ပေါက်ခံရခြင်းဖြစ်သည်။

ဗီဒီယိုတွင် သီချင်းကို မဆိုနိုင်ကြောင်း ပြောပြတောင်းပန်နေစဉ် ရေသန့်ဗူးတစ်လုံး သူဆီသို့ ပျံဝဲတက်လာခဲ့သည် သို့သော် အသာလေး တိမ်းရှောင်လိုက်သဖြင့် ရေဗူးမထိမှန်ပဲ လွဲချော်သွားခဲ့ရတာကို တွေ့ခဲ့ရသည်။




 


15 Jun 2017     1,521 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS