BEC-TERO TV

မြို့ထဲကို ကိုယ်ပိုင်ကားနဲ့ ခန့်ခန့်ကြီး ဝင်လာတဲ့ တောရိုင်းဘုရင် ခြင်္သေ့ကြီး

16 Jun 2017     1,698 Views


ပါကစ္စတန်နိုင်ငံ ကာရာချီဆိပ်ကမ်းမြို့က လူစည်ကားရာ လမ်းပေါ်မှာ ခြင်္သေ့တစ်ကောင်ကို ကားပေါ်တင်ဆောင်လာပြီး မောင်းနှင်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းstuff.co မှာဖော်ပြထားပါတယ်။


အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားတဲ့ ခြင်္သေ့မကို ပစ်ကပ်ကားရဲ့ နောက်ခန်းမှာ အထိန်းအကွပ်မရှိဘဲ ခေါ်ဆောင်လာတာနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဆေ့လိမ်း ဂျာဗတ်တင်ဆောင်ပြီး မောင်းနှင်လာတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။

နောက်ပိုင်းမှာတော့အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဂျာဗတ်ဟာ ကိုယ်ပိုင်တိရစ္ဆာန်ရုံထားရှိဖို့နဲ့ ခြင်္သေ့တွေ မွေးမြူဖို့ လိုင်စင်ရရှိထားသူဖြစ်ပေမဲ့ အခုလို အများပြည်သူသွားလာတဲ့ နေရာမှာ အန္တရာယ်များတဲ့တိရစ္ဆာန်တွေကို ခေါ်ဆောင်ခွင့် မပြုဘူးလို့ပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။


16 Jun 2017     1,698 Views




RELATED

Most Popular of Special or Others

Most Popular of NEWS