BEC-TERO TV

ပျက်ဆီးဖို့ လမ်းကြောင်းပေါ်က အနာဂါတ်ရဲ့ မျိုးဆက်သစ် ကျောင်းသူလေးများ

16 Jun 2017     2,735 Views


ကိုးတန်း ကျောင်းသူငါးဦး ကျောင်းချိန်တွင်းမှာ အရက်မူးရူးပြီး လမ်းမကြီးပေါ်မှာ လူမြင်မကောင်း သူမြင်မကောင်အောင် ဒယီးဒရိုင်ဖြစ်နေတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီး ကူညီခဲ့ရသူတစ်ဦးက လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်ကနေ ရင်လေးစရာကောင်းတဲ့ ကျောင်းသားလူငယ်တွေရဲ့ အဖြစ်အပျက်ကို ပြောပြရေးသားခဲ့ပြီး အချိန်မီပြုပြင်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ဝေမျှခဲ့ပါတယ်။
 


“လူငယ်တွေရဲ့အနာဂတ်ကပိုပိုပြီးဝေဝါးလာခဲ့ပြီ”


ထမင်းစားချိန် ဆိုင်သွားဖို. ဖြတ်လမ်းကြားကနေ အဖြတ်၊ ကိုးတန်း ကျောင်းသူ မိန်းကလေး ငါးယောက်ကို ကောင်လေး လေးငါးယောက် လောက်က တယောက်စီတွဲပြီး လမ်းလျောက်လာ ကြတာတွေ့လိုက်ရတယ်…
မိန်းကလေးတွေ ခြေလှမ်းက ယိမ်းယိုင်နေပြီးတော့ လမ်းတောင်ကောင်းကောင်း မလျောက်နိုင်ကြတော့ပါဘူး။ မိန်းကလေးတယောက်ဆိုရင် အင်္ကျီ ကြယ်သီးပါပြုတ်နေတယ်။ သူတို့ကို ဘာဖြစ်တာလဲလို့ လှမ်းမေးတော့ ကောင်လေး တစ်ယောက်က အစာအဆိပ်သင့်တာပါလို့ လွယ်လွယ်လှမ်းပြောပြီး သူတို့က ဆက်သွားကြပေမယ့် စိတ်ထဲ စိတ်မချဖြစ်မိတာနဲ့ ကားကို ဘေးချရပ်ပြီး သူတို့နောက်ကို ကိုယ်တွေ ရုံးကအဖွဲ့ လေးယောက်လိုက်ကြတာ၊ လမ်းလုံးဝ မလျောက်နိုင်တဲ့ကောင်မလေးတစ်ယောက်က ကျန်ခဲ့ပြီး၊ ကျန်တဲ့ ကလေးတွေက ထွက်ပြေး ကြတော့တယ်။


ကျန်ခဲ့တဲ့ ကောင်မလေးကို သေချာမေး။ အရှေ့ရောက်နေတဲ့ အဖွဲ့ ကို ရပ်ကွက်က လူ ကြီးတွေကို တားထားကြပါလို့ လှမ်းအော်ပြောလိုက်တော့မှ သူတို့ အားလုံးကို တစ်စုတစ်စည်းထဲ တွေ့ရတော့တယ်။
ကောင်မလေး တစ်ယောက်ဆို မတ်တပ်တောင်မရပ်နိုင်တော့ပဲ လမ်းပေါ် ထိုင်ချပြီး သမီးတို့ကို မဆွဲနဲ့ ကိုယ့်ဘာသာ သွားနိုင်တယ်လို့အော်နေတာနဲ့ တစ်ချက်လောက် နင်တိတ်တိတ်နေစမ်းလို့ လှမ်းဟောက်လိုက်မှ ခဏ ငြိမ်သွားလေရဲ့( ခဏပဲ ငြိမ်တာနော် ) အနားကပ်လိုက်မှ အရက်နံ့တွေ တော်တော် ထွက်နေတာ။
တွဲပေးတဲ့ ကောင်လေး ငယ်ငယ်လေးရယ် မူးနေတဲ့ မိန်းကလေး ငယ်ငယ်လေးရယ် ကျောင်းစိမ်း ဝတ်စုံနဲ့ လုံးထွေးမတတ် လမ်းမှာ တွေ့ရတာ တော်တော် အမြင်မတော်ဖြစ်ရပါတယ်။
ဒီလို အနာ ဂါတ် အတွက် အား တွေဖြစ်လာမယ့် လူငယ်လေးတွေဟာ အရွယ်မရောက်ခင်မှာပဲ ဒီလိုကိစ္စတွေကြောင့် လမ်းဘေးကို ဘယ်နှစ်ယောက်များ ရောက် နေကြပြီး ပြီလဲ..? တွေးကြည့်ရင် တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။

ဒါနဲ့သူတို့ကို မိဘတွေ ဖုန်းနံပါတ်ဖြစ်ဖြစ် စုံစမ်းမေမြန်းတော့ ဘာမှမပြောပဲ အိမ်မပြန်ဘူးနော် အိမ်မပြန်ဘူးနော်နဲ့ပဲ တွင်တွင်အော်နေတော့တာပဲ။ ဒါနဲ့ ကောင်လေးတွေကို ကျောင်းနာမည်မေး ပြီး လမ်းမှာတွေ့တဲ့ ကားကြီးတစ်စီးကို (ကိုယ့်ကားက သေးတော့ မဆံ့ဘူး ) အကျိုးအကြောင်း ရှင်းပြပြီး အကူအညီ တောင်းပြီး ကျောင်းကိုသာ ပို့ခိုင်းလိုက်ရပါတော့တယ်။
မပို့ခင်မှာလဲ ညီမလေးတို့ကို ဆူမှာမဟုတ်ကြောင်းနဲ့ အရွယ်မရောက်သေးတဲ့ကလေး ဒီတိုင်းလမ်း မှာ လျောက်သွားနေဖို့ မသင့်လို့သာ ကျောင်းကိုပို့ပြီး ကျောင်းကမှတစ်ဆင့် ဖြစ်သင့်တာ ဆက်လုပ်မှာ ဖြစ်ကြောင်း သူတို့နားဝင်အောင် ရှင်းပြလိုက်ပါတယ်။


သူတို့သွားပြီး အပြန်လမ်းကျမှ သူတို့ ကျောင်းက ဆရာမတစ်ယောက်ကို တွေ့တော့ ထပ်မှာလိုက်ပါတယ်။ မဆူဖို့နဲ့ သူတို့မှာ စိတ်ညစ်စရာ အိမ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲ ဖြစ်ဖြစ်၊ ဘာ အခက်အခဲများရှိလဲ သေချာဆွေးနွေးတိုင်ပင် လမ်း ညွန်ပေးဖို့ ဆရာမကိုပြောပေမယ့် ဆရာမ ကလဲ ဒီ ဘီ အတန်းက ကလေးတွေ ဆိုးကို ဆိုးတာချည်းပဲ တွင်တွင်ပြောနေပါတော့တယ်။
စိတ်ထဲမှာတော့ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ ဆိုတာ တော်တော်စိတ်ပူနေမိတယ်။
၁။ ဆရာမ ဆူမယ် … အဆိုး ဆုံးကျောင်းထုတ်မယ်
၂။ ဆူတော့ ထပ်စိတ်ညစ်ပီး ထပ်ဆိုးသွမ်းမယ် … ကျောင်းထုတ်ရင် ဘဝပျက်မယ်
၃။ အရွယ်မရောက်သေးပဲ ယောက်ျားနောက်လိုက်ပြေးမယ်
၎။ သူတို့ဘဝတစ်ခုလုံး အတွက်အသုံးချဖို့ ပညာသင်ကြားဖို့ ဆိုတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမယ်။

ဒီ ငါးယောက်ရဲ့ လူ့စွမ်း အားအရင်းအမြစ်တွေ နိုင်ငံက ဆုံးရှုံးရလိမ့်မယ်။ နောက် သူတို့ သောက်ဖို့ အရက်ကို ဘယ်သူရောင်းလိုက်တာလဲ..? ရောင်းရင် ရောင်းလိုက်တဲ့ ဆိုင်ထိ အရေးယူရပါမယ်။ ကိုယ်ပိုက်ဆံရပီး ရော ဖြစ်ချင်တာဖြစ် မစဉ်းစားပဲ ရောင်းလိုက်တာမျိုး မဖြစ်သင့်ဘူးလေ။

နောက်ဒီကလေးတွေ ကိုယ်နဲ့မတွေ့ပဲ အိမ်လဲ မပြန်ချင်တော့ အဆိုးဆုံး တည်းခိုခန်း ရောက်သွားကြတယ်ထား၊ အရွယ်ကို ထည့်မစဉ်းစား တည်းဖို့လက်ခံတဲ့ ပိုက်ဆံတစ်ခုပဲ ကြည့်တဲ့ နေရာမျိုး ရှိနေအုံးမှာပါပဲ။

အမှန်ဆို ကောင်းမွန်တဲ့လူ့အဖွဲ့အစည်း ဆိုတဲ့နေရာမှာ ကိစ္စတခု အဆိုးပဲဖြစ်ဖြစ်၊ အကောင်းပဲ ဖြစ်ဖြစ်၊ ဖြစ်လာဖို့ဆိုတာ အားလုံးက ဆက်စပ်နေကြတာပါ။ အားလုံးမှာ တာဝန်ရှိပါတယ်။
ဒီကိစ္စမှာ -
၁။ ကောင်မလေးတွေ ကိုယ်တိုင်
၂။ မိဘ
၃။ ကျောင်း
၎။ သူတို. သူငယ်ချင်းတွေ
၅။ အရက်ရောင်းတဲ့သူ
၆။ …………… ဒီလို အဖက်ဖက်က ဖြစ်လာတဲ့ အကြောင်းတရားတွေကြောင့် ဒီလို အဖြစ်ဆိုးကို ဖြစ်လာတာပါ။

ကောင်းလာဖို့ တစ်ဖက်လှည့်ပြန်တွေးကြည့်ရင် အရက်ဆိုင်က မရောင်းရင်၊ သူတို့သူငယ်ချင်းတွေက တားရင်၊ ဆရာ ဆရာမတွေက တပည့်ရဲ့ အရိပ်အချေကို ဆူပူရုံတင်မဟုတ်ပဲ သူတို့ အခက်အခဲကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ကာကွယ် နိုင်စွမ်းရှိတဲ့ ကျောင်းပတ်ဝန်းကျင် ဖြစ်ရင်..။
မိဘကလဲ သားသမီးကို စဉ်ဆက်မပြတ် အမြဲထိန်းသိမ်းကာ ကျောင်းပြေးပြီး အပြစ်လုပ်မိတဲ့ အထိ မဖြစ်သင့်တဲ့ စဉ်းစား နိုင်စွမ်းလေးသာ သားသမီးတွေ ရင်ထဲထည်.ပေးနိုင်ရင်၊ ကလေး ကိုယ်တိုင်ကကို ကဒီလိုမလုပ်ပဲ စာသာကြိုးစားခဲ့ရင်….။

ကိုညို
 


16 Jun 2017     2,735 Views




RELATED

Most Popular of Special or Others

Most Popular of NEWS