BEC-TERO TV

ပျက်ကျခဲ့သော တပ်မတော်လေယာဉ် Y-8 ရဲ့ Black Box ကို ရှာဖွေတွေ့ရှိ ရုပ်/သံ

19 Jun 2017     1,224 Views


ပင်လယ်ပြင်အတွင်းပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင် တွေ့ရှိခဲ့သည့် လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါ လေယာဉ်အမြီးပိုင်းနေရာပတ်ဝန်းကျင်တွင် အပိုင်းအစအချို့အားတွေ့ရှိပြီး ဇွန်လ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ ဆယ်ယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


လေယာဉ်အမြီးပိုင်းအား လေအိတ်များအသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ မတင်ဆယ်ယူခဲ့ပြီး ညနေ ၃ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။ အဆိုပါ လေယာဉ်အမြီးပိုင်းတွင် FDR - Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recorder တို့ပါရှိပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းအား ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသားရုပ်အလောင်း ၁ လောင်းအား ထပ်မံရှာဖွေတွေ့ရှိသဖြင့် ယခုအချိန်ထိ စုစုပေါင်းရုပ်အလောင်း ၉၂ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 


19 Jun 2017     1,224 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS