BEC-TERO TV

အခင်းဖြစ်ပြီး ၁၂ နာရီအတွင်းဖော်ထုတ်နိုင်ခဲ့တဲ့ကျောက်တံတားက ၄၅သိန်းကျော်လုယက်မှု

19 Jun 2017     1,293 Views


ကျောက်တံတားမြို့နယ်ရှိ MK Travels & Tour ကုမ္ပဏီလီမိတက်လေယာဉ်လက်မှတ်အရောင်းဌာနတွင် ဖြစ်ပွားသော လုယက်မှုအားရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၁၂ နာရီအတွင်း သက်သေခံပစ္စည်း များနှင့်အတူ ဖော်ထုတ်ရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ  သတင်းထုတ်ပြန်ထားရှိသည်။

ဇွန်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ကျောက်တံတားမြို့နယ်အမှတ်(၁)ရပ်ကွက်၊ (၃၃)လမ်းအထက် အမှတ်(၁၉၇)၊မြေညီထပ်ရှိMKTravels&Tourကုမ္ပဏီလီမိတက်၏(ပြည်တွင်း/ပြည်ပ)လေယာဉ်လက်မှတ်အရောင်းဌာနတွင် ဖြစ်ပွားခဲ့သော လုယက်မှုမှ ပြစ်မှုကျူးလွန်သူများကို ၁၂ နာရီအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး
ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာဇွန်လ၁၈ရက်နေ့နေ့လယ်၁နာရီခန့်ကကျောက်တံတားမြို့နယ်ရှိMKTravels&Tourလေယာဉ်လက်မှတ်အရောင်းဌာနတွင် မပိုးပွင့်ဖြူတစ်ဦးတည်းရှိနေစဉ် အသက်(၂၀)၀န်းကျင်ရှိ လူငယ်နှစ်ဦးမှ လေယာဉ် လက်မှတ်စုံစမ်းရန်ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအနက် တစ်ဦးမှာ ၎င်းအားမှတ်မိခြင်းမရှိစေရန် ဦးထုပ်ဆောင်းထားကာ မျက်နှာကို ဆေးရုံသုံး mask အုပ်၍ရုပ်ဖျက်ထားကြောင်း၊ ၎င်းတို့ ၂ ဦးမှ မပိုးပွင့်ဖြူ၏မျက်နှာအား အစိမ်းနုရောင်လက်ကိုင်ပုဝါဖြင့်အုပ်ကာ ချွန်ထက်သောအရာဖြင့် လည်ပင်းအားထောက်၍ အိမ်သာဘက်သို့ဆွဲခေါ်သွားခဲ့ကြောင်း၊ မပိုးပွင့်ဖြူ၏ပါးစပ်အတွင်းသို့ အ၀တ်စများထည့်ပြီးပါးစပ်နှင့်မျက်နှာတို့တွင်အနက်ရောင်တိတ်ဖြင့်ပတ်ကာခြေထောက်နှင့်လက်များကိုနိုင်လွန်ကြိုးဖြင့်တုပ်ထားခဲ့ကြောင်း၊ မပိုးပွင့်ဖြူဝတ်ဆင်ထားသောစိန်လက်စွပ်တစ်ကွင်း၊တန်ဖိုး(၁၇၀၀၀၀)ကျပ်၊Mcရွှေဟန်းချိန်းတစ်ခုတန်ဖိုး(၃၀၀၀၀၀)ကျပ်တို့အား ယူဆောင်ခဲ့သည့်အပြင် ကုမ္ပဏီရုံးခန်းအံဆွဲအတွင်းမှ ငွေကျပ်သိန်း(၇၀)ခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း တိုင်တန်းသဖြင့် ကျောက်တံတားမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၄၁ဖြင့် အမှုဖွင့် အရေးယူ
ဆောင်ရွက်ခဲ့သည်။

အမှုမှပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးစုံစမ်းဖော်ထုတ်နိုင်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ကွပ်ကဲ၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်များအားမှုခင်းဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းကာ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးအားဦးစီးဆောင်ရွက်စေပြီး ရရှိသည့်သတင်း အချက်အလက်များကို အချိန်နှင့်
တစ်ပြေးညီတင်ပြဆောင်ရွက်စေခဲ့သည်။

မှုခင်းဖော်ထုတ်ရေး ရဲတပ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာအားအသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အရောင်းဌာနတွင် ၀န်ထမ်းသုံးဦးသာရှိပြီးမြတ်သီဟထွန်း(ခ)သီဟဆိုသူမှာအခင်းဖြစ်နေ့ကရုံးသို့ရောက်ရှိလာခြင်းမရှိဘဲ ပျက်ကွက်နေကြောင်းသိရသည့်အပြင်CCTVမှတ်တမ်းများအပြစ်မှုကျူးလွန်သူနှစ်ဦးအနက်တစ်ဦးမှာ၎င်းနှင့်ပုံသဏ္ဍန်တူညီကြောင်းမသင်္ကာတွေ့ရှိရသဖြင့်မြတ်သီဟထွန်း(ခ)သီဟသွားလာနိုင်သည့်နေရာများသို့စုံစမ်းရှာဖွေခဲ့ပြီး ယင်းနေ့ ညနေ၆ နာရီအချိန်တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူစစ်မေးခဲ့ရာ၎င်း၏ထွက်ဆိုချက်များအပေါ် သက်သေအထောက်အထားများဖြင့်တိုက်ဆိုင်စစ်ဆေးနိုင်ခဲ့သဖြင့် အဆိုပါအမှုအား သူငယ်ချင်းဖြစ်သူဇွဲမာန်ဦးနှင့်အတူ ကျူးလွန်ခဲ့ကြောင်းကို ည ၉နာရီအချိန်တွင် ဖော်ထုတ်ရရှိခဲ့သည်။

မြတ်သီဟထွန်း(ခ)သီဟ၏ ဖော်ထုတ်ချက်အရ MK Travels & Tourအရောင်းဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး အလုပ်မှထွက်သွားရာမှ လွန်ခဲ့သော(၃)လခန့်တွင် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ အခင်းမဖြစ်မီ၂ ရက်ခန့်က သူငယ်ချင်းဖြစ်သူ ဇွဲမာန်ဦးနှင့်တွေ့ဆုံပြီး ငွေကြေးအခက်အခဲများရှိသဖြင့် ၎င်းတို့နှစ်ဦးတိုင်ပင်ကာ MK Travels & Tour လေယာဉ်လက်မှတ်အရောင်းဌာနတွင်မပိုးပွင့်ဖြူတစ်ဦးတည်းရှိနေမည့်အချိန်တွင်ခြိမ်းခြောက်လုယက်ရန်ဆွေးနွေးတိုင်ပင်၍ ပြစ်မှုကျူးလွန်ခဲ့ကြောင်းသိရသည်။

မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်သူဇွဲမာန်ဦးအား ရှာဖွေဖမ်းဆီးခဲ့ရာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ၎င်းနေထိုင်သော တာမွေမြိုနယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်ရှိ
နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး အမှုမှလုယက်ယူဆောင်သွားသော စိန်လက်စွပ်တစ်ကွင်း၊ Mc ဟန်းချိန်းတစ်ခုနှင့် ငွေစက္ကူရောရာ (၄၅၇၂၃၀၀)ကျပ်(လေးဆယ့်ငါးသိန်းခုနှစ်သောင်းနှစ်ထောင်သုံးရာကျပ်)တို့ကို ရှာဖွေ
သိမ်းဆည်းရမိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော ဖော်ထုတ်ရရှိခြင်းမရှိသေးသည့် အမှုများကိုလည်း ဖော်ထုတ်နိုင်ရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Yangon Police


19 Jun 2017     1,293 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS