BEC-TERO TV

မုံရွာရှိ အမှိုက်ပုံတွင် စံချိန်တင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးစွန့်ပစ်မှုကြီးဖြစ်ပေါ်

19 Jun 2017     1,295 Views


မုံရွာတွင်စံချိန်တင် မူးယစ်ဆေးဝါးစွန့်ပစ်မှုကြီးဖြစ်ပေါ်ခဲ့ပြီးအမှိုက်ပုံများတွင် ရဲလိုက်သိမ်းနေရကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာမုံရွာမြို့ပေါ် ထန်းတောရပ်ကွက်နှင့် နန္ဒဝန် ရပ်ကွက်ကြီးနှစ်ခုတွင် နေရာခွဲပြီး မူးယစ်ဆေးဝါး များအား ပီနံအိတ်များဖြင့်ထည့် စွန့်ပစ်သွားရာ l ၈နေရာအထိ ခွဲပစ်နေမှုကို ရဲတပ်ဖွဲ့အနေဖြင့် ယနေ့ (ဇွန်လ၁၉ရက်) နံနက်ပိုင်းမှစ သိမ်းဆည်း နေရကြောင်း သတင်းရရှိသည်။

ပီနံအိတ်များတွင်နံပါတ်များ ပါဝင်ပြီး ပီနံတစ်ထုပ်လျှင် ဆပ်ပြာ ခွက်၆၀နှင့် အထက်ပါဝင်နိုင်သည်ဟု သိမ်းဆည်း သူများကခန့်မှန်းထားသည်။သိမ်းဆည်းရမိသည့်နေရာအများစုသည်အမှိုက်စွန့်ပစ်သောနေရာများဖြစ်ပြီးလူမနေသောခြံဝန်းများမှလည်း တွေ့ရှိခဲ့သည်။လတ်တလောတွင် အရေအတွက်အတိအကျသိနိုင်ရန် မုံရွာနယ်မြေရဲစခန်း ရဲတပ်ဖွဲ့မှ စစ်ဆေး နေဆဲဖြစ်သည်။

 

Source:Monywa Gazette


19 Jun 2017     1,295 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS