BEC-TERO TV

ဘုရားဇောင်းတန်းပေါ်တွင် ၁၂ အရွယ်ကျောင်းသူလေး အားအဓမ္မပြုကျင့်

21 Jun 2017     1,347 Views


မြိတ်မြို့၊တလိုင်းစုရပ်ကွက် ၊၀တ်တိုက်ကျောင်းရဲ့ဘုရား ဇောင်းတန်းမှာ အရွယ်မရောက်သေးသည့် ၁၂ နှစ်အရွယ် ကျောင်းသူလေးအားအဓမ္မ ပြုကျင့်နေသည့် မြို့သစ်ရပ်ကွက်ရာအိမ်မှူးဆိုသူကို ဇွန်လ ၂၀ ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့ သိရတယ်။

မြိတ်မြို့၊မြိတ်တောင်နယ်မြေ၊ မြို့သစ် ( ၃ ) ရပ်ကွက်မှ ရာအိမ်မှူး ဥာဏ်မြင့်ဆိုသူကတလိုင်းစုရပ်ကွက်မှာရှိတဲ့ ၀တ်တိုက်ကျောင်းက ဗူးဘုရားပေါ်ကိုကျောင်းသူလေးအားခေါ်ယူလာကာအဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။မြို့သစ် အထက (ခွဲ ) ကျောင်းတွင်ပညာသင် ယူနေသည့် ၅ တန်းကျောင်းသူလေး မ------ ( ၁၂ )နှစ်ဆိုသူမှာ ဇွန်လ ၂၀ ရက်နေ့
နံနက်၁၀နာရီကအထက(ခွဲ)မူကြိုကျောင်းမှာရှိတဲ့ဝမ်းကွဲမောင်လေးထံထမင်းဗူးပို့ပြီးအပြန်တွင်အဆိုပါအဖြစ်အပျက်နှင့်ကြုံတွေ့ ခဲ့ရတယ်လို့ သိရပါတယ်။

မ------မှာ ညနေအတန်းတက်နေရသူဖြစ်ပြီး မနက်ပိုင်းထမင်းဗူးပို့ပြီးအပြန် ကျောင်းရှေ့သို့မုန့်ဝယ်စားရန်ထွက်လာစဉ် ဥာဏ်မြင့်မှဆိုင်ကယ်ပေါ်သို့အတင်းခေါ်ယူသွားကာ ဗူးဘုရားစောင်းတန်းသို့ ခေါ်ယူသွားခဲ့တယ် လို့သိရတယ်။“ကျွန်တော်က ဘုရားမှာ နေ့စဉ်ဘုရားပန်းတွေ၊ဘုရားရေတွေ လှဲပေးနေပါတယ်ဒီနေ့မှာ ကျောင်းသူလေးတစ်ဦးနှင့် လူကြီးပိုင်းတစ်ဦးဘုရားပေါ်ကိုတက်လာတာတွေတယ်။မသင်္ကာစရာဘာမှမတွေ့တော့ ကုသိုလ်အလုပ်ပဲ ဆက်လုပ်နေတယ်။သိပ်မကြာဘူးလူရိပ်တွေ့လို့ သွားကြည့်လိုက်တာ အဲဒီလူက ကျောင်းသူလေး ကို အဓမ္မပြုကျင့်နေတာတွေ့လိုက်ရတယ်။ ကျောင်းသူလေးက အတင်းရုန်းကန်နေတော့ ကျွန်တော်လည်း ဖမ်းဆီး
တုတ်နှောင်လိုက်တယ် ” လို့ တလိုင်းစု ဆယ်အိမ်မှူး ဦးဆန်နီကဆိုပါတယ်။

မိန်းကလေးအားအဓမ္မပြုကျင့်နေသူကို တုတ်နှောင်ထားပြီးနောက် တလိုင်းစုအုပ်ချုပ် ရေးမှူးကိုခေါ်ယူခဲ့ရာ အုပ် ချုပ်ရေးမှူးကလာရောက်စစ်ဆေးခဲ့ကြောင်းသိရပါတယ်။““ကျွန်တော်ရောက်လာတော့အဲဒီအဓမ္မကျင့်တဲ့သူကမြို့သစ်ရာအိမ်မှူးဆိုတာသိလိုက်ရတယ်။မိန်းကလေးကိုမေးကြည့်တော့သူ့ကိုဆိုင်ကယ်ပေါ်အတင်းခေါ်တင်ပြီးဒီနေရာကိုခေါ်လာတယ်ဆိုပြီး ပြောပြပါတယ်။အကြောင်းစုံကိုမေးမြန်းနေတဲ့အချိန် မှာပဲ ရဲတပ်ဖွဲ့ဝင်တွေရောက်လာတော့ ရဲကိုအပ်နှံပေးလိုက်
ပါတယ်။ ဒီအမှုကို ကျွန်တော်ကိုယ်တိုင်တရားလိုလုပ်ပြီး အမှုဖွင့်ထား တယ်”” လို့ တလိုင်း စုအုပ်ချုပ်ရေးမှူး ဦးမင်းမင်းလှိုင် (၄၀)နှစ် မှပြော ကြားခဲ့ပါတယ်။

အဆိုပါမြို့သစ်(၃)ရပ်ကွက်မှရာအိမ်မှူးဆိုသူဥာဏ်မြင့်မှာယခင်ကလည်းကျောင်းသူလေးများကိုဗူးဘုရားသို့ခေါ်လာနေသည်ကိုတွေ့ရှိရကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ဥာဏ်မြင့်ဆိုသူအားဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပြီး ယခင်ကပြစ်မှုများ ရှိ/မရှိကိုစစ်ဆေးဦးမည်ဖြစ်ကြောင်း မြို့မရဲစခန်းမှူးမှဆိုသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးအရွယ်မရောက်သေးသည့် ကျောင်းသူလေးအားအဓမ္မပြုကျင့်သူ ဥာဏ်မြင့်ဆိုသူအား မြိတ်မြို့ မ ရဲ စခန်းမှ ( ပ )၁၂၇၁ / ၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ
၃၇၆ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။

Source: မြတ်ထွဋ် (မြိတ်)

 


21 Jun 2017     1,347 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS