BEC-TERO TV

ရန်​ကုန်​ကျုး​ကျော်​များနှင့်​ အိမ်​ပိုင်​မရှိသူများကို​နေရာချ​ပေးရန်​ စီစဉ်

21 Jun 2017     1,285 Views


ကျူးကျော်များနှင့် ၀န် ထမ်းများနေထိုင်ရေး ဧက၂,၀၀၀ ရှိ စီမံကိန်းတစ်ခု အကောင်အ ထည်ဖော်ပေးရန် ရန်ကုန်တိုင်း အစိုးရက စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇွန် လ ၂၀ ရက်တွင် ပြောသည်။ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည် များနေ့ အခမ်းအနား၌ ၀န်ကြီးက အမှာစကားပြောကြားရာတွင် ထည့် သွင်းပြောကြားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် ဖွံ့ဖြိုးရေးကဏ္ဍအ တွက် လုပ်ဆောင်မည့် အစီအစဉ် များရှိကြောင်းနှင့် ထိုထဲတွင် ကျူး ကျော်များသာမက ရွှေ့ပြောင်း လုပ်သားများအတွက် နေရာပြန် ချထားပေးနိုင်ရေး၊ စက်ရုံ၊ အ လုပ်ရုံများရှိ အလုပ်သမားများ၊ ပင်စင်စားဝန်ထမ်းများနှင့် နေ အိမ်၊ အိုးအိမ်ပိုင်မရှိသည့် ၀န် ထမ်းနေရာချထားရေးအစီအစဉ် များပါဝင်ကြောင်း ၎င်းက ပြော သည်။

‘‘ကျူးကျော်နေထိုင်သူတွေကို တစ်နေရာတည်းမှာစုပြီး နေရာ ပြန်ချပေးဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး။ ကျွန်မတို့က mutual development ပုံစံမျိုးသွားမှာဖြစ် ပါတယ်။ ကျူးကျော်တဲ့သူတွေကို တစ်နေရာတည်းမှာ စုပြီး နေရာ ချပေးမယ်ဆိုရင် crminal rate က တက်လာမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့က တကယ့်ဒီ မှာရှိတဲ့ ၀န်ထမ်းတွေ၊ အစိုးရ ၀န် ထမ်း၊ နောက်ပြီးတော့ ပုဂ္ဂလိက ၀န်ထမ်း ဒီဝန်ထမ်းတွေနဲ့ရော၊ ဒီ နယ်စပ်ဒေသကနေ ပြန်လာမယ့် ဒုက္ခသည်မိသားစုတွေနဲ့ရော၊ ဒီ မှာရှိပြီးသား migrant worker မိသားစုတွေနဲ့ရော အကုန်လုံး ပူး ပေါင်းပြီး mutual development အနေနဲ့ ဧက ၂,၀၀၀ ကို စပြီး အ ကောင်အထည်ဖော်မှာ ဖြစ်ပါ တယ်။ ဒါမြို့သစ်စီမံကိန်း ရန်ကုန်မြို့ရဲ့ မဟာစီမံကိန်းအရ ဆက်လက် အကောင်အထည် ဖော်တော့မယ့် နေရာဒေသတစ် ခုမှာ ကျွန်မတို့ပြန်ပြီးတော့ လုပ် နိုင်အောင် ကြိုးစားဆောင်ရွက်မှာ ဖြစ်ပါတယ်’’ဟု နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

အသေးစိတ် အစီအစဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရ အနေဖြင့် အချိန်တန်ပါက ထုတ် ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

Source: 7Day News

 


21 Jun 2017     1,285 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS