BEC-TERO TV

စီးပွားရေးလုပ်လိုတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်တဲ့ အရောင်းအ၀ယ် ၀က်ဘ်ဆိုဒ်များ

21 Jun 2017     1,674 Views


ကိုယ်ပိုင်တနိုင်တပိုင် စီးပွားရေးလုပ်ငန်း လုပ်ချင်ကြတာကတော့ တိုးတက်ချင်စိတ်ရှိတဲ့ လူငယ်တွေရဲ့ စိတ်ကူးအိပ်မက်ပါပဲ။အထူးသဖြင့် တက္ကသိုလ်တက်ရင်း တစ်ဖက်တစ်လမ်းကနေ ကိုယ်ပိုင်ဝင်ငွေရှာပြီး ရပ်တည်ကြရတဲ့ လူငယ်တွေဟာ အ၀တ်အထည် ၊ စားသောက်ကုန်နဲ့ အခြားပစ္စည်းများကို တနိုင်တပိုင် သယ်ယူရောင်းချခြင်း ၊ တစ်ပတ်ရစ်ပစ္စည်းများ ပြန်လည် ရောင်းချခြင်းနဲ့ အွန်လိုင်းရှော့ပင်းလုပ်ပြီး တစ်ဖက်တစ်လမ်းကနေ ၀င်ငွေရှာကြပါတယ်။

ads.com.mm ကြော်ငြာဝက်ဘ်ဆိုဒ်ကို အသုံးပြုသူတွေထဲမှာ အများစုဟာ လူလတ်ပိုင်းနဲ့ လူငယ်လူရွယ်တွေဖြစ်ကြပြီး နေ့စဉ်ပစ္စည်းကြော်ငြာအရောင်းပို့စ်များစွာတင်ကာတနိုင်တပိုင်စီးပွားရေးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။Ads.com.mm ကို အသုံးပြုပြီး အရောင်းအ၀ယ်ပြုလုပ်ဖူးတဲ့ မောင်ကောင်းမြတ်အောင်က “ads.com.mm ဆိုတာ အသုံးချတတ်မယ်ဆိုရင် အသေးစားစီးပွားရေးလုပ်ငန်းကနေ စီးပွားရေးအကြီးကြီးတွေရော အလုပ်လျှောက်ဖို့ရော အိမ်သုံးပစ္စည်း ယာဉ် ကား အိမ်ခြံမြေ အပါအဝင် ဘက်စုံထောင့်စုံက ပြီးပြည့်စုံတဲ့ မြန်မာနိုင်ငံက Top 3 list ထဲမှာတစ်ခုပါဝင်တဲ့ ကျွန်တော်အနှစ်သက်ဆုံး စိတ်အဝင်စားဆုံး Website တစ်ခုပါ” လို့ ပြောပါတယ်။

အွန်လိုင်းပေါ်ကနေ အရောင်းအ၀ယ် စတင်ပြုလုပ်မယ့် လူငယ်တွေအတွက် လုံခြုံစိတ်ချရမှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ရောင်းသူနဲ့ ၀ယ်သူ တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ကြိုက်ဈေးညှိ ကွာလတီကြည့်ဝယ်လို့ ရတဲ့ ads.com.mm မှာ အရောင်းအ၀ယ်ပြုလုပ်တာဟာ အခြားနေရာတွေထက် ပိုပြီး လုံခြုံစိတ်ချရမှုရှိပါတယ်။ဒါ့အပြင် လုံခြုံစိတ်ချရတဲ့အရောင်းအ၀ယ်တစ်ခု ပြုလုပ်ဖို့အတွက် အကြံပေးချက်တွေကိုလဲ ads.com.mm ကနေ လမ်းညွှန်ပေးထားပါတယ်။

အသေးစား ကနေ အကြီးစားအထိ အရောင်းအ၀ယ် ကိုယ်ပိုင်စီးပွားရေး လုပ်လိုသူတွေအတွက် ကြော်ငြာဝက်ဘ်ဆိုဒ်တွေဟာ အထောက်အကူများစွာပေးနိုင်တဲ့ ဈေးကွက်နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ads.com.mm ကို အသုံးပြုပြီး အရောင်းအ၀ယ်ပြုလုပ်နေတဲ့ ကိုဝေယံစိုးကလည်း “ရောင်းချရတာ အဆင်ပြေပါတယ်၊ အပြင်မှာရောင်းချလို့ မလွယ်ကူတဲ့ပစ္စည်းတွေကို ဒီမှာအဆင်ပြေစွာ ရောင်းချခွင့်ရတယ်” လို့ မှတ်ချက်ပေးထားပါတယ်။ads.com.mm ကိုသုံးစွဲနေကြတဲ့ လူငယ်တွေထဲမှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အရွယ် သုံးစွဲသူတွေက အများဆုံးဖြစ်ပြီး စုစုပေါင်း organic search သုံးစွဲသူ ၅၆ ရာခိုင်နှုန်းက အဆိုပါအသက်အရွယ် လူငယ်လူရွယ်တွေပဲ ဖြစ်ကြပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးလုပ်ချင်ကြတဲ့ လူငယ်တွေအတွက်တော့ ပညာရှာရင်း တစ်ဖက်တစ်လမ်းကနေ ၀င်ငွေရှာနိုင်ဖို့ အွန်လိုင်းပေါ်ကအရောင်းအ၀ယ်ပြုလုပ်တာက သူတို့အတွက်အတွေ့အကြုံကောင်းတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

Ads.com.mm အကြောင်း

မြန်မာနိုင်ငံအတွင်း နေထိုင်သူမည်သူမဆို ရောင်းချလိုတဲ့ ပစ္စည်းကို ads.com.mm မှာ အွန်လိုင်းကနေ ကြော်ငြာအခမဲ့တင်ပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။ ads.com.mm မှာ ကြော်ငြာတင်ရန် ၂ မိနစ်သာ အချိန်လိုအပ်ပြီး ကွန်ပြူတာ နှင့် မိုဘိုင်းဖုန်း နှစ်မျိုးစလုံးမှာ မြန်မာ၊ အင်္ဂလိပ် ဘာသာစကား နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်တယ်။ads.com.mmကို အသုံးပြုကြတဲ့ Customers များအတွက် အထူးအစီအစဉ်အနေနဲ့လည်း VIP အစီအစဉ်များ ထားရှိထားပါတယ်။ VIP plan ကို အသုံးပြုသူတွေအနေနဲ့ အသက်သာဆုံးသောနှုန်းထားနဲ့ Website ကအရောင်းပို့စ်တွေရဲ့ ထိပ်ဆုံးမှာ နေရာယူနိုင်မှာ ဖြစ်ပြီး ၀ယ်သူတွေရဲ့ စိတ်ဝင်စားမှုကိုလည်း အများဆုံးရရှိနိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။အသုံးပြုသူများအနေနဲ့ ကား ၊ အိမ်ခြံမြေ ၊ လျှပ်စစ်ပစ္စည်း ၊ အ၀တ်အစား ၊ အိမ်ထောင်ပရိဘောဂ အစရှိသဖြင့် အမျိုးအစားကဏ္ဍစုံလင်စွာ စိတ်ကြိုက်ကြော်ငြာများ တင်ပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဂိုဒေါင်ရှင်းဈေးရောင်းပွဲ၊ တစ်ပတ်ရစ်ပစ္စည်းများ ၊ အရောင်းဆိုင်များမှ ပစ္စည်းသစ်များ ၊ ၀န်ဆောင်မှုများကိုပါ ကြော်ငြာရောင်းချနိုင်ပါတယ်။ads.com.mm ကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှ အရောင်းအ၀ယ်ကြော်ငြာများ အခမဲ့တင်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။


21 Jun 2017     1,674 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS