BEC-TERO TV

စိုက်ခင်းလိုက်ရောင်းချမှုတွေကို အွန်လိုင်းကနေတဆင့် ပြုလုပ်

21 Jun 2017     1,251 Views


မြေအရောင်းအ၀ယ်ပြုလုပ်ကြရာမှာ ခြံတွေ မြေတွေ အပြင် စိုက်ခင်းလိုက် ရောင်းချမှုတွေကို အွန်လိုင်းပေါ်ကနေတဆင့် ပြုလုပ်လာကြတာတွေ့ရပါတယ်။ယင်းသို့ရောင်းချရာမှာ နှစ်ရှည်ပင်များ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေ ရောင်းချလာကြတာဖြစ်ပြီး ငွေအမြန်ပေါ်လိုတာကြောင့်သော်လည်းကောင်း ၊ အရေးပေါ်ငွေလိုအပ်တဲ့ အနေအထားကြောင့်သော်လည်းကောင်း စိုက်ခင်းလိုက် အရောင်းအ၀ယ် ပြုလုပ်ကြတာ ဖြစ်ပါတယ်။အွန်လိုင်းပေါ်ကနေ ကြော်ငြာတင်ပြီးရောင်းချကြတဲ့ အဓိကအကြောင်းအရင်းကတော့ လူမြန်မြန်အသိများပြီး ပွဲစားတွေကနေတဆင့် အရောင်းအ၀ယ် မပြုလုပ်ချင်ကြတာကြောင့် ads.com.mm လို ကြော်ငြာ ၀က်ဘ်ဆိုဒ်တွေကနေတဆင့် ရောင်းချကြတာဖြစ်တယ်လို့ သိရပါတယ်။

 

 

Ads.com.mm ကြော်ငာဝက်ဘ်ဆိုဒ်မှာဆိုရင် အထူးသဖြင့် ရန်ကုန်ဧရိယာက အသုံးပြုမှုအများဆုံးဖြစ်ပြီး မန္တလေး၊ တောင်ကြီး၊နေပြည်တော်နဲ့ပြင်ဦးလွင်တို့ကနေသုံးစွဲသူအများဆုံးဖြစ်ကြပြီးအခြားနယ်ဘက်တွေကလဲအသုံးပြုကြပါတယ်။Ads.com.mmရဲ့စုံလင်လှတဲ့ကြော်ငြာကဏ္ဍတွေထဲမှာအိမ်ခြံမြေအရောင်းအ၀ယ်ပို့စ်တွေဟာဆိုရင် ပို့စ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိရှိနေတာလဲ  ဖြစ်ပါတယ်။ကြော်ငြာဝက်ဘ်ဆိုဒ်တွေမှာ ကွန်ဒို တိုက်ခန်း ခြံဝန်းတွေကို ရောင်းကြငှားကြတာ များပေမယ့် အခုနောက်ပိုင်းမှာဆိုရင် ၁ ဧက အကျယ်ရှိတဲ့ မြေ/စိုက်ခင်းကနေ ၆၀ ဧက ဥယာဉ်တောင်ကျွန်းတွေအထိပါ ရောင်းချလာကြတာဖြစ်ပါတယ်။အွန်လိုင်းပေါ်ကတဆင့် အရောင်းအ၀ယ် ပြုလုပ်လိုသူတွေအတွက် အကောင်းဆုံးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့  Ads.com.mm ၀က်ဘ်ဆိုဒ်မှာဆိုရင် ရောင်းချလိုတဲ့ပစ္စည်းကို ဈေးနှုန်း ၊ ပုံနဲ့တကွ ကြော်ငြာတင်ကာ ၀ယ်သူတွေဆီကို တိုက်ရိုက်ရောင်းချနိုင်ပါတယ်။

 

 

Ads.com.mm အကြောင်း
မြန်မာနိုင်ငံအတွင်း နေထိုင်သူမည်သူမဆို ရောင်းချလိုတဲ့ ပစ္စည်းကို Ads.com.mm မှာ အွန်လိုင်းကနေ ကြော်ငြာအခမဲ့တင်ပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။ Ads.com.mm မှာ ကြော်ငြာတင်ရန် ၂ မိနစ်သာ အချိန်လိုအပ်ပြီး ကွန်ပြူတာ နှင့် မိုဘိုင်းဖုန်း နှစ်မျိုးစလုံးမှာ မြန်မာ၊ အင်္ဂလိပ် ဘာသာစကား နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်တယ်။Ads.com.mm ကို အသုံးပြုကြတဲ့ Customers များအတွက် အထူးအစီအစဉ်အနေနဲ့လည်း VIP အစီအစဉ်များ ထားရှိထားပါတယ်။ VIP plan ကို အသုံးပြုသူတွေအနေနဲ့ အသက်သာဆုံးသောနှုန်းထားနဲ့ Website ကအရောင်းပို့စ်တွေရဲ့ ထိပ်ဆုံးမှာ နေရာယူနိုင်မှာ ဖြစ်ပြီး ၀ယ်သူတွေရဲ့ စိတ်ဝင်စားမှုကိုလည်း အများဆုံးရရှိနိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။အသုံးပြုသူများအနေနဲ့ ကား ၊ အိမ်ခြံမြေ ၊ လျှပ်စစ်ပစ္စည်း ၊ အ၀တ်အစား ၊ အိမ်ထောင်ပရိဘောဂ အစရှိသဖြင့် အမျိုးအစားကဏ္ဍစုံလင်စွာ စိတ်ကြိုက်ကြော်ငြာများ တင်ပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဂိုဒေါင်ရှင်းဈေးရောင်းပွဲ၊ တစ်ပတ်ရစ်ပစ္စည်းများ ၊ အရောင်းဆိုင်များမှ ပစ္စည်းသစ်များ ၊ ၀န်ဆောင်မှုများကိုပါ ကြော်ငြာရောင်းချနိုင်ပါတယ်။Ads.com.mm ကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှ အရောင်းအ၀ယ်ကြော်ငြာများ အခမဲ့တင်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။


21 Jun 2017     1,251 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS