BEC-TERO TV

အိမ်ရှင်မှ အိမ်အကူအမျိုးသမီးအား အလိုမတူဘဲ သားမယား ပြုကျင့်မှုဖြစ်ပွား

21 Jun 2017     1,271 Views


တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့စံချိန်မီရပ်ကွက်၊ရွှေညောင်ပင်လမ်း၊ ကျူးကျော်နေ၊ ဦးခင်မောင်ဦးနှင့်ဇနီး ဒေါ်နုနုလှိုင်တို့ နေအိမ်တွင်၊ လွန်ခဲ့သော (၁၀)ရက်ခန့် က၊ မထွေးထွေး(ခ)ပါးပါးဝ(၁၈)နှစ်၊(ဘ) ဦးကပလီ၊ ဟိန္ဒူ /ဗုဒ္ဓ၊ ကွနှီးကျေးရွာ နေသူသည် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ သူဖြစ်ပြီး ဦးခင်မောင်ဦး လင်မယားမှာ အိမ် ရှေ့ခန်းတွင် အိပ်ကြပြီး၊ မထွေးထွေး(ခ)ပါးပါး မှာ နေအိမ် အခန်းတွင်း အိပ်ကြပါသည်။

(18-6-2017) ရက်နေ့ည(၁၂)နာရီ အချိန်ခန့်တွင်မထွေးထွေး(ခ)ပါးပါးသည် နေအိမ် အိပ်ခန်းတွင်း အိပ်ပျော်နေစဉ်၊ ဦးခင်မောင်ဦးမှ မထွေးထွေး(ခ)ပါးပါး၏ထမိန်အားဆွဲလှန်၍ လန့်နိုးပြီး ကြည့်လိုက်ရာအိမ်ရှေ့ခန်း မီးရောင်ကြောင့်၊ ဦးခင်မောင်ဦး ဖြစ်နေကြောင်းသိရပြီး၊မထွေးထွေး(ခ)ပါးပါးမှအော်ဟစ်ရန်ပြုစဉ်ဦးခင်မောင်ဦးမှပါးစပ်အားအတင်းပိတ်ပြီး၊ (၁၅) မိနစ်ခန့် ကြာ၊ အလိုမတူပဲ သားမယားပြုကျင့်ခဲ့ပါသည်။

(19-6-2017)ရက်နေ့ည(၁၁)နာရီအချိန်ခန့် တွင်လည်း မထွေးထွေး(ခ)ပါးပါးအိမ်ခန်းတွင်းအိပ်ပျော်နေစဉ်ဦးခင်မောင်ဦးမှ သားမယားပြုကျင့်ရန် ၎င်း၏ ခြင်ထောင် အတွင်းသို့ ဝင်လာရာ ဘာလာလုပ်တာလဲဟု ပြော သောကြောင့်၊ ၎င်းညတွင် သားမယားပြုကျင့်ခြင်းမခံရပါ။

(20-6-2017)ရက်နေ့နံနက်(၁၁)နာရီ အချိန်ခန့်တွင်၊နေအိမ်၌ မထွေးထွေး(ခ)ပါးပါး တစ်ယောက်ထဲရှိနေစဉ်၊ ဦးခင်မောင်ဦးမှနင့်ကိုချစ်တယ်ပြောပြီး၊ရင်သားများကိုကိုင်၍ဖက်နမ်းခဲ့သောကြောင့်၊ရုန်းကန်ပြီးထွက်ပြေးလာခဲ့ရာ၊ယခင်အလုပ်လုပ်ခဲ့ဖူးသော၊ ဒေါ်ခင်သက်မူ မဟာသုခလမ်း၊ ရွှေကုန်းရပ်ကွက်၊ ကျောက်တန်းမြို့ နေသူထံ သွားရောက် အကျိုးအကြောင်း ပြောပြပြီး အကူအညီ တောင်းခံ၍၊ ကျောက်တန်းမြို့မရဲစခန်းသို့မထွေးထွေး(ခ)ပါးပါး ကိုယ်တိုင် လာရောက် အမှုဖွင့်တိုင်ကြား၍ ကျောက်တန်းမြို့မ ရဲစခန်းမှူးဒုရဲမှူး ကျော်ဆွေ မှ (ပ)၄၀၄/၂၀၁၇၊ပုဒ်-၃၇၆၊ အရအမှုဖွင့်ပြီး၊ တရားခံ ဦးခင်မောင်ဦး(၅၁)(ဘ)ဦးကုလားဗမာ/ဗုဒ္ဓအား ဖမ်းဆီးစစ်ဆေးပြီး၊ အမှု့အား ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

Source: Zin moe

 


21 Jun 2017     1,271 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS