BEC-TERO TV

ဆင်ဆာအနေနဲ့ လိုအပ်ရင် ၁၆ နှစ်အောက်မကြည့်ရဆိုတဲ့ ဥပဒေ ထုတ်စေချင်တဲ့ ရန်အောင်

21 Jun 2017     1,393 Views


ဇာတ်လမ်း စီစစ်ရေးအဖွဲ့နဲ့ ဆင်ဆာအဖွဲ့က လူကြီးတွေက ဇာတ်လမ်းသဘောအရ ရိုက်သင့်ရိုက်ထိုက်တာ ၊ ပြသင့်ပြတိုက်တာကို မပိတ်ပင်ဘဲနဲ့ လိုအပ်မယ်ထင်ရင် ၁၆ နှစ်အောက်မကြည့်ရ ဆိုတဲ့ ဥပဒေ တစ်ခုထုတ်စေချင်တယ်လို့ ၀ါရင့် သရုပ်ဆောင် ရန်အောင်က ပြောထားခဲ့ ပါတယ် ။

“ဇာတ်လမ်းသဘောတရားအရ ရိုက်သင့် ရိုက်ထိုက်တာ ၊ ပြသင့်ပြထိုက်တာ ကို ရိုက်ရမှာပါ ။အဲ့ဒိလိုရိုက်မှလည်းဇာတ်လမ်းတခုဆိုတာပီပြင်မှာလေ ။ ဇာတ်ဝင်ခန်းအရ လိုအပ်လို့ ပြရရင်လူကြီးတွေ အနေနဲ့ ခွင့်ပြုစေချင်တယ် ။ပြီးတော့မှ ၁၆ နှစ်အောက်မကြည့် ရဆိုတဲ့ ဥပဒေ တစ်ခုထုတ်စေချင်တယ်။ တကယ်လို့ ၁၆ နှစ်အောက်ဝင်ကြည့်ရင်တော့ ကြည့်တဲ့ သူအပြစ်ပေါ့” လို့ ပြောသွားခဲ့ ပါတယ် ။

ဇာတ်ကားတွေကိုရိုက်ကူးပြီးမှ ဆင်ဆာဖြတ်တောက်မှုကြောင့် ပရိတ်သတ်ကို ပြသခွင့်မရဘူးဆိုရင် ထုတ်လုပ်သူတွေ အနေနဲ့ငွေကြေးပိုင်းအရနစ်နာသလို ၊ သရုပ်ဆောင်တွေအတွက်လည်း အနုပညာပိုင်းအရ နစ်နာကြောင်း ၊ ဇာတ်ကားတစ်ကားကို အချိန်ကုန် ၊ ငွေကုန် ခံ ရိုက်ကူးပြီးမှ ပြခွင့်မရဘူးဆိုတာမျိုးကတော့ မဖြစ်သင့်ကြောင်း ကိုလဲ ပြောသွားခဲ့ ပါတယ် ။ “နိုင်ငံခြားရုပ်ရှင်တွေဆိုရင် မပြခင်မှာ တြိဂံတုံးလေးပြတယ် ။ အဲ့ဒိအတုံးလေးက ၁၈ နှစ်အောက်မကြည့်ရ ၊ ၁၆ နှစ်အောက်မကြည့်ရ ၊ သွေးထွက်သံယိုများရင် ကလေးတွေ မကြည့်ရ ဆိုတာကို ပြထားတာပါ ။ အဲ့ဒါလေးပါရင် လူကြီးတွေကလဲ မပြနဲ့ ။ တကယ်လို့ ခိုးကြည့်ရင်တော့ သူတို့ အပြစ်ပေါ့ ။ဒါပေမဲ့ ဘယ်သူမှလည်းမကြည့်ပါဘူး ။ ရုံမှာ လက်မှတ်စစ်တဲ့လူတွေရှိနေတာပဲလေ ။ တချို့ဆို မှတ်ပုံတင်ပြပြီးမှ ရုံထဲဝင်ရတယ် ။ ကိုယ်တွေဆီမှာလည်း သူတို့လိုပဲ လုပ်ရမှာပေါ့” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။

Source:The Voice


21 Jun 2017     1,393 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS