BEC-TERO TV

ပြည်ပရောက် ဆောင်းဦးလှိုင်၏ တေးစီးရီးအယ်လ်ဘမ်အသစ် ထွက်ရှိ

22 Jun 2017     1,805 Views


“ကမ္ဘာစံချိန်” ဟု အမည်ပေးထားသော သီးချင်း(၈)ပုဒ်ပါဝင်သည့် မီနီအယ်လ်ဘမ် အသစ်ကို ဇွန်လ ၂၂ ရက်(ယနေ့)မှ စတင်ကာ ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း အဆိုတော် ဆောင်းဦးလှိုင်မှ သူ၏ လူမှုကွန်ယက် ဖေ့စ်ဘွခ်စာမျက်နှာမှ တစ်ဆင့် ပရိသတ်များကို အသိပေးပြောကြားခဲ့သည်။


‘ကမ္ဘာ့စံချိန်’ အမည်ဖြင့် သီချင်းရှစ်ပုဒ်ပါဝင်သည့် မီနီ အယ်လ်ဘမ်ကို ယနေ့စတင်ဖြန့် ချိကြောင်း  အဆိုတော်ဆောင်း ဦးလှိုင်က ၎င်း၏ ဖေ့စ် ဘွတ်ခ်တွင် အသိပေးရေးသား သည်။
“တစ်ကိုယ်တော်အခွေ မထွက်တာ ဆယ်နှစ်ကြာခဲ့ပါပြီ။ အခွေတွင် သီချင်းရှစ်ပုဒ်ပါဝင် ကာ ပရိသတ်များမကြားရတာ ကြာပြီဖြစ်တဲ့ ကျွန်တော်သီဆိုတဲ့ အချစ်သီချင်းအသစ်များနားဆင် ကြရပါမည်။ ကျွန်တော်အကောင်း ဆုံးဖြစ်အောင် ကြိုးစားထားတဲ့ သီချင်းများကို နှစ်သက်ကြလိမ့် မည်ဟု ယုံကြည်မှုအပြည့်ရှိနေပြီး တန်ဖိုးရှိအောင်လည်း စွမ်းဆောင် ထားပါကြောင်း..” ဇွန်လ ၁၅ ရက်နေ့က ရေးသားထား ဖော်ပြထားခဲ့သည်။

 


“ကမ္ဘာ့စံချိန်” မီနီအယ်လ်ဘမ်မှာ Folk song အမျိုးအစားဖြစ်ပြီး ကွန်ပျူတာအထူးပြုလုပ်ချက် တီးလုံးများ မဟုတ်ပဲ တူရိယာပစ္စည်း စစ်စစ်များနှင့် တီးခတ်ထားပြီး သီချင်းတစ်ပုဒ်စီတိုင်းကို ဇာတ်လမ်းပုံပြင်တစ်ခုအဖြစ် အသက်သွင်းဖန်တီးထားကြောင်း သိရှိရသည်။


“ကမ္ဘာ့စံချိန်”တွင် (၁။မွေးရပ်မြေသို့ ၂။ရင်ခုန်သံ ၈၈ ၃။လွမ်းတစ်မြေ့မြေ့ ၄။အချစ် ၅။ကမ္ဘာ့စံချိန် ၆။ခဏနေများ ၇။ကံ ၈။စူပါမော်ဒယ်) သီချင်းများပါရှိပြီး CD တစ်ချပ်လျှင် ၂,၀၀၀ကျပ် ဖြင့်  CityMart ဆိုင်များတွင် ဝယ်ယူနိုင်သလို Myanmar Music Store မှလည်း အွန်လိုင်းစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။


 


22 Jun 2017     1,805 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS