BEC-TERO TV

ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂနှင့် တေးသံရှင်ပိုပိုတွေ့ဆုံ

22 Jun 2017     1,369 Views


ဗမာနိုင်​ငံလုံးဆိုင်​ရာ လူငယ်​က​ဗျာဆရာများသမဂ္ဂနှင့်​ ​တေးသံရှင်​ ပိုပိုတို့​တွေ့ဆုံပြီး လက်​ရှိဖြစ်​ပျက်​​နေ​သော က​ဗျာစာအုပ်​ကိစ္စနှင့်​ပတ်​သက်​၍၂၁၊ ဇွန်​၊ ​နေ့လယ်​ ၃ နာရီတွင်​ ​တွေ့ဆုံ​ဆွေး​နွေးခဲ့သည်​။


ထိုသို့​တွေ့ဆုံရာတွင်​ မိမိတို့ဘက်​မှ ​တေးသံရှင်​ ပိုပိုစီစဉ်​​သောေ​ဗလုဝ အမှာစာ​ရေးသားထားသည့်​စာအုပ်​အား လုံးဝလက်​မခံ​ကြောင်း၊ေ​ဗလုဝ၏အမှာစာသည် ကဗျာလောကအပေါ် စော်ကားသည်ဟု ယူဆကြောင်းက​ဗျာဆရာများအ​ပေါ်တွင်​ တစုံတရာ​စော်​ကားသည်​ဟုယူဆ​ကြောင်း၊မိမိတို့၏သ​ဘောထားကို တိုက်​ရိုက်​​ပြောကြားခဲ့သည်​။


တေးသံရှင်​ ပိုပိုမှ က​ဗျာဆရာများအ​ပေါ်တွင်​ ​​လေးစားချစ်​ခင်​​ကြောင်း၊သူမ၏ Offical Page မှ Live လွှင့်​ခဲ့စဉ်​က အမူအရာများနှင့်​ပတ်သက်၍ကဗျာဆရာများအ​ပေါ်တွင်​ ​စော်ကားလိုစိတ်တစုံတရာမရှိခဲ့​ကြောင်း၊ကဗျာဆရာများနှင့်​အတူ ​ရှေ့ဆက်​၍အလုပ်လုပ်ချင်​​ကြောင်း၊သူမမှာကဗျာဆရာများခံစားခဲ့ရ​သောခံစားချက်​နှင့်​ပတ်သက်၍ ​တောင်းပန်​​ကြောင်း၊​ကြေညာချက်ထုတ်​ပြန်ထားသည့်​အတိုင်းသူ့အ​နေဖြင့်​တာဝန်ယူပြီးလာရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း နှင့် ကဗျာဆရာများဘက်မှ ကန့်ကွက်သော ဒုတိယ စာအုပ်အား ထုတ်ဝေခြင်းမပြုတော့ဘဲ မူလ စီစဉ်ထားသော စာအုပ်အတိုင်းသာ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဘက်မှ တောင်းဆိုထားချက်ကို လက်ခံကြောင်း ပြောကြားခဲ့သည်။မိမိတို့ဘက်​မှလည်း ထိုစာအုပ်​တွင်​ ပါဝင်​​ရေးသားခဲ့ကြသည့်​က​ဗျာဆရာများ၏ သ​ဘောထားများကိုလည်းစနစ်​တကျ အတည်​ပြု​ကောက်​ခံသွားမည်​ဖြစ်​​ကြောင်းလည်း ​ဆွေး​နွေးခဲ့သည်​။

Source:ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ - ဗလကသ


22 Jun 2017     1,369 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS