BEC-TERO TV

ကျောင်းမသွားချင်တဲ့ ၆တန်းကျောင်းသူလေး ဘ၀ကိုအပြီးနှုတ်ဆက်ကာထွက်ခွာ

22 Jun 2017     4,759 Views


၆တန်းကျောင်းသူတစ်ဦးက ​ကျောင်းမသွားချင်​လို့ ​သေတ္တာထဲ ၀င်​ပုန်း​နေရင်းကနေ ဂျက်​ကျပြီး
ပြန်​မထွက်​နိုင်​ဘဲ နောက်ဆုံးမှာတော့ အထဲမှာ ​ကွေး​ကွေး​လေး​သေ​နေကြောင်း သိရှိရသည်။ အဆိုပါသေဆုံးသွားသူကျောင်းသူလေး၏ဖခင်ဖြစ်သူမှာကယ်​ရီဆွဲသူဖြစ်ကာမိခင်ဖြစ်သူမှာ စက်​ရုံအလုပ်​သမဖြစ်သည်။အခင်းဖြစ်ပွားချိန်က မိဘနှစ်ပါးစလုံးမှာ ကိုယ်စီအလုပ်လုပ်နေကြသဖြင့် သတိမပြုမိဘဲ၊ညနေရောက်မှ သမီး​ပျောက်​လို့ လိုက်​ရှာကြည့်ရာ ​နောက်​ဆုံး​သေတ္တာဖွင့်​ကြည့်​​မှ အထဲမှာ​သေ​နေမှန်းသိကြောင်း သိရှိရသည်။

"ကျွန်​​တော်​ ဂျူ တီကျတဲ့​နေ့မှပဲ စိတ်​​မ​ကောင်းစရာဖြစ်ခဲ့တာပါ။အားကစားပွဲပြီးလို့အပြန်​လမ်းမှာပဲရှိ​သေးတယ်​၊ဖုန်းဝင်လာတယ်လေ၊ နည်းပညာတက္ကသိုလ်​(​တောင်​ငူ)​ကျောင်းသားလူငယ်​ပရဟိတအသင်းကပါလားတဲ့ အ​ရေး​ပေါ်လူနာတစ်​ဦး မြ​စေတီလမ်းမှာ​ဆေးရုံပို့ချင်​လို့ပါတဲ့ ၊အဲ့တာနဲ့ချက်​ချင်း လူနာကဒ်​ယူ ​အောက်​စီဂျင်​အိုးတင်​ပြီးသွား​တာ၊ဟိုရောက်မှာသိတယ်၊ လူနာမဟုတ်​ ​ခြောက်​တန်း​ကျောင်းသူ​လေးဖြစ်နေတယ်ဗျာ "လို့ နည်းပညာတက္ကသိုလ်​(​တောင်​ငူ) ​ကျောင်းသားလူငယ်​ပရဟိတအသင်းမှ ညီငယ်တစ်ယောက်က ပြောကြားခဲ့ပါတယ်။

သေဆုံးသွားသည့် ၆တန်းကျောင်းသူသည်တစ်ဦးတည်းသော သမီး​လေးဖြစ်ပြီးအ​မေဖြစ်​သူခမျာ မခံစားနိုင်​လို့ လမ်းမှာ ​ရှော့ဖြစ်ပြီး​ ချက်​ချင်း CPR ​လုပ်​ နှလုံးပြန်​နှိုးရကြောင်းနဲ့သေဆုံးသူ​မွေးထားတဲ့ ​ကြောင်​​လေးကလဲ သူ့သခင်​နားကမခွာဝမ်းနည်းဖွယ်ဖြစ်လေသည်။

 

Source:နည်းပညာတက္ကသိုလ်​(​တောင်​ငူ)​ကျောင်းသားလူငယ်​ပရဟိတအသင်း

..


22 Jun 2017     4,759 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS