BEC-TERO TV

အစားအသောက်များကို အန္တရာယ်ကင်းအောင် စားနည်းများ

22 Jun 2017     1,402 Views


အစားအသောက်ဆိုတာ နေ့စဉ်မှီဝဲနေရသလို ကျန်းမားရေးအထောက်အကူဖြစ်စေဖို့ ဂရုစိုက် စားသုံးသင့်ပါတယ်။
 
(၁) လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ လက်ဖက်သုပ်စားပြီး ၁၅ မိနစ်ခန့်ကြာရင် လျှက်ဆား၊ ကိုးပါးဆေး၊ မဟာဖြေဆေး စတဲ့ လေနဲ့ဆိုင်တဲ့ မြန်မာဆေးတစ်ခုခုကို အနည်းငယ် လျှက်ပေးလိုက်ရင် အစာမကြေ၊ လေပွ၊ ရင်ပြည့်ရင်ကယ် မဖြစ်တော့ပါဘူး။
 
(၂) လက်ဖက်သုပ်၊ ဂျင်းသုပ်စတဲ့ အသုပ်စုံတို့ကို စားတဲ့အခါ ကြက်သွန်ဖြူစားပြီး ပါးစပ်နံမှာစိုးရင် မြေပဲစေ့ ၄၊ ၅ စေ့ကိုသာ အရင်ဖယ်ထား။ စားပြီးတာနဲ့ မြေပဲကို ဝါးပြီး ပါးစပ်ထဲ ၁ မိနစ်ခန့် ငုံထား။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့အနံ့တွေကို မြေပဲ စုပ်ယူနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ချက်ချင်း အနံ့ပျောက်တယ်။
 
(၃) ငှက်ပျောသီးဘယ်လောက်စားစား ဗိုက်မနာအောင် ဆားလေးနည်းနည်း တို့စားလိုက်လိုက်ပါ။ ငှက်ပျော်သီးရဲ့အချိုဓါတ်ကို ဆားကထိန်းပေးလိုက်လို့ လုံးဝဗိုက်မနာတော့ဘူး။
 
(၄) ရခိုင်တို့ ငရုတ်သီးများများစာနိုင်ခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ ငရုတ်သီးကို အပူပေးပြီးမှ စားခြင်းဖြစ်ပါတယ်။ ငရုတ်သီးကို အစိမ်းလိုက် ဘယ်တော့မှ မစားနဲ့။ လှော်၊ ကြော်၊ ပြုတ်၊ ဖုတ်၊ အဲလိုအပူပေးပြီးမှ ကြိုက်သလောက်စား။ သံပုရာသီးလေးညှစ်ထည့်ပြီးမှ စား။ ဗိုက်မနာတော့ဘူး။
 
(၅) အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ၊ အသုပ်မျိုးစုံ၊ မုန်းဟင်းခါးစတဲ့ အဆီအဆိမ့်များသည့် အစားအစာတို့ကို မစားမီ ရှေးဦးစွာ သံပုရာသီးတစ်စိတ် အရင်ကိုက်စားလိုက်ပါ။ သို့မဟုတ် ဇွန်းထဲတွင် အရည်ညှစ်၍ သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။
 
(၆) လက်ဖက်ကို ဘေးဥပဒ်ဖြစ်စေနိုင်သည့် ပထမဦးစွာ ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပြီး အလွန်ပြင်းထန်သော အခါးဓါတ်လျှော့ချပြီးမှ သုပ်စားလျှင် အန္တရာယ်ကင်းပါသည်။ အစာမကြေခြင်း၊ လေအောင့်ဖြစ်စေခြင်းတို့မှလည်း လျှော့နည်းစေပါသည်။
 
(၇) အဆီအဆိမ့်များလွန်းသော ဒံပေါက်ထမင်း၊ ထောက်ပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။
 
(၈) အဆိပ်အတောက်များလွန်း၍ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အကောင်းဆုံးပါ။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည်ညှစ်ထည့်ပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။ သို့မဟုတ် - မျှစ်ချဉ်ချက်အိုးထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။
 
(၉) ရင်ကျပ်ရောဂါ မဖြစ်နိုင်အောင် မန်ကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ညိုညစ်ညစ်များကို ခြစ်ထုတ်ပြီး အစိမ်းရောင် မန်ကျည်းသီးသားများကိုသာ ထောင်း၍ ချက်စားသင့်ပါသည်။
 
အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ။
 

22 Jun 2017     1,402 Views




RELATED

Most Popular of Special or Others

Most Popular of NEWS