BEC-TERO TV

နံရိုးများကိုဖြတ်တောက်၊နှလုံးသားကိုအပြင်ထုတ် ကုသမှုခံယူရတဲ့ ကျော်သူ

22 Jun 2017     1,375 Views


မကြာသေးခင်က စီးကရက်ကြောင့်ဆေးရုံတက်ကုသနေတဲ့ ပရဟိတမင်းသားကြီးကျော်သူက စီးကရက်နဲ့ပတ်သက်ပြီး အခုလိုပဲပြောလိုက်ပါပြီ....

"စီးကရက်၏အလှတန်ဆာဆင်ခြင်း။

ယနေ့နှလုံးခွဲစိတ်မှုအမာရွတ်များအားသူနာပြုဆရာမကဆေးကြောသန့်စင်ပေးစဉ်ဇနီးဖြစ်သူရွှေဇီးကွက်မှအမှတ်တရရိုက်ပေးတဲ့ပုံတွေကိုမြင်မိကာကယ်မီကယ်
ဓါတုပစ္စည်းများဖြင့်စီမံထုတ်လုပ်ထားသည့်စီးကရက်၏ဆိုးကျိုးပြစ်ဒဏ်ကိုခံစားမိတော့သည်။
နံရိုးများကိုဖြတ်တောက်
နှလုံးသားကိုအပြင်ထုတ်
ခြေသလုံးနဲ့လက်ဖျံကိုလှီးပြီးသွေးကြောများကိုထုတ်
နှလုံးသားမှာသွေးကြောများအစားထိုးတပ်ဆင်ခဲ့ရသည့်ဒဏ်ရာဒဏ်ချက်များကမြင်မကောင်းတော့ပေ။
တစ်ကိုယ်လုံးချုပ်ရာပေါင်း(၆၀)ကျော်ခန့်နှင့်စီးကရက်၏အလှတန်ဆာဆင်ခြင်းကိုခံခဲ့ရပြီ။
ထို့ကြောင့် အစ်ကိုကြီးတို့ ညီငယ်တို့ သားငယ်တို့ စီးကရက်ကိုမသောက်ကြဖို့တိုက်တွန်းလိုက်ပါတော့သည်။ (ကျော်သူ)"

ကျော်သူနဲ့ဆေးလိပ် ပတ်သက်ပြီးတော့ ပရိသတ်တစ်ဦးက "အမှတ်မမှားဘူးဆိုရင် ငယ်ငယ်တုန်းက ဦးကျော်သူရဲ့ အင်တာဗျူးလေးတစ်ခု ဖတ်ဖူးတယ်(သို့မဟုတ်)ကြည့်ဖူးတယ် လို့မှတ်မိနေတယ်။ ဆေးလိပ်သောက်တာကို လူငယ်တွေအတုမယူစေချင်တဲ့အတွက် ဆေးလိပ်သောက် တဲ့ဇာတ်ဝင်ခန်းမျိုး မရိုက်ဘူး တဲ့။ ဇာတ်ဝင်ခန်းထဲထည့်မရိုက်ဘူးဆိုခဲ့တော့ အပြင်မှာလည်း မသောက်ဘူးလို့ထင်ခဲ့ဖူးတယ်။ အခု ဆေးလိပ်ကြောင့် ကျန်းမာရေးထိခိုက်တာ သိရတော့ စိတ်မကောင်းပါ။ အမြန်ဆုံးသက်သာပျောက်ကင်းပြီး လူထုအကျိုးပြုလုပ်ငန်းတွေ ဆထက်တံပိုး ထမ်းရွက်နိုင်ပါစေ။" လို့တောင်းဆုပြုထားပါတယ်။

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ကျော်သူက ဆေးလိပ်နဲ့ပတ်သက်ပြီး အတက်နိုင်ဆုံး ဂရုစိုက်ပုံကို "နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးအောင်က ကျန်းမာရေးဌာနကနေ ဆေးလိပ်မသောက်ရေး ပညာပေးဇာတ်လမ်းတိုလေး TVကလွှင့်ဖို့ ရိုက်ရတော့ ကိုကျော်သူ့ကို ရွေးချယ်ကမ်းလှမ်းပါတယ်။ ကိုကျော်သူက ဆရာဦးအောင်ကို ကျနော်က ဆေးလိပ်သောက်တတ်တဲ့သူ ဖြစ်မှန်းသိရက်နဲ့ ဘာလို့ ကျနော့်ကို ရွေးပါသလည်းလို့ မေးတော့ ဆရာဦးအောင်က ကိုကျော်သူက ဆေးလိပ်သောက်တတ်မှန်း သိပါတယ်။ ဒါပေမဲ့ ဆေးလိပ်ကြော်ငြာ လုံးဝမရိုက်တဲ့ သရုပ်ဆောင်မှန်းလည်း သိလို့ ဒီပညာပေးလေးရိုက်ဖို့ ရွေးချယ်တာပါလို့ ပြန်ဖြေခဲ့ပါတယ်။" လို့ ပရိသတ်တစ်ဦးကလည်း ပြောပါတယ်။

ဆေးလိပ်ကိုရှောင်ပါတော့လေ....


22 Jun 2017     1,375 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS