BEC-TERO TV

မြန်မာမိန်းကလေးတစ်ဦးအားထမိန်ကျွတ်ကျထိတိုင် ကားပေါ်အတင်းဆွဲခေါ်

22 Jun 2017     3,664 Views


မြန်မာမိန်းကလေးတဦးအား မဟာချိုင်ဈေးအနီးမှာ ထိုင်းအမျိုးသားသုံးယောက်က ကားပေါ် အတင်း အဓမ္မ ခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။

ဖြစ်စဉ်မှာ မြန်မာအလုပ်သမလေးအသက်(17)နှစ်မမိုးမိုးသူ17-6-2017 စနေနေ့ ညဦးပိုင်းမှာမဟာချိုင် ခဲလှိုင်ရပ်ကွက် ဘန်နန်းကျစ်ဈေးအနီးမှာ ထိုင်းအမျိုးသားသုံးယောက်ကကားပေါ်ခေါ်တင်သွားတာကိုမြင်တွေ့ လိုက်ရတဲ့ အလုပ်သမားများက AAC ကိုပြောပါတယ်။

ကားအဖြူရောင်ပါကောင်မလေးကိုအတင်းရိုက်ပြီးဆွဲတင်တာပါသူဝတ်ထားတဲ့ထမိန်ကျွတ်ကျလာတာတွေ့ရတယ်အဲဒိထမိန်ကိုလဲလမ်းဘေးမှာကျန်ခဲ့ပါတယ်အချိန်ကတော့ည"၉"နာရီခန့လောက်ရှိပါတယ်ကျွန်တော်တို လဲထိုင်းတွေဆိုတော့ဘာမှမပြောရဲဘူးလို့မြင်တဲ့အလုပ်သမားတွေကပြောပါတယ်ဒီကနေ့အထိအဆက်အသွယ်မရရှိသဖြင့် AACမဟာမိတ်အဖွဲ့ကိုအကူအညီလာတောင်းသဖြင့်ဒီနေ့(၂၁.၆.၂၀၁၇)နယ်မြေခံ191ဖုန်းကိုဆက်သွယ်ပြီးနယ်မြေခံရဲစခန်းအကူအညီဖြင့်လိုက်ရှာပေးနေကြောင်းသိရှိရပါတယ်။ကားပေါ် အတင်း အဓမ္မခေါ်ဆောင်ခံရသူမှာ မကွေးတိုင်း သရက်မြို့ နယ် အုန်မွန်တောကျေးရွာ ဦးစန်းအောင် ဒေါ်စန်းမြိုင် သမီးမမိုးမိုးသူ အသက် ၁၇ နှစ် ဖြစ်ပါတယ်။

Source: Ko Naing Naing


22 Jun 2017     3,664 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS