လွှမ်းပိုင်း၏ "ဂီတဗေဒ" Album တွင် ပါဝင်သည့်တေးသီချင်းတိုက်ရိုက်ကြည့်နိုင်ပြီ
22 Jun 2017 2,124 Views

၂၄.၆.၂၀၁၇ မှာထွက်ရှိမည့် "ဂီတဗေဒ" Album မှာ စုစုပေါင်းသီချင်း ၁၈ ပုဒ်ပါပါတယ်။ အဆိုတော်လွှမ်းပိုင်က သုံးနှစ်အချိန်ယူထားရတာ ဖြစ်တဲ့အတွက် သီချင်းသစ်နားမထောင်ရသေးတဲ့ ပရိသတ်တွေလည်း သီချင်းတွေအများကြီး နားထောင်နိုင်ဖို့ အခုလိုပြင်ဆင် ထားတယ်လို့ဆိုပါတယ်။ (ရုပ်သံဖိုင်ကိုအောက်ဆုံးတွင်ကြည့်နိုင်သည်)

Featuring အဆိုရှင်များအဖြစ် Boby Soxer ,lil chen , ပိုပိုဟေသာ ၊ ပန်းရောင်ခြယ် ၊ အမရာဖုန်း တို့ပါဝင်သီဆိုထားကြောင်းသိရပါတယ်။ဂီတဗေဒ Limited Edition အခွေကို ကျပ်သောင်းနှစ်ထောင်နဲ့ရောင်းချသွားမှာဖြစ်သလိုဝယ်ယူလိုပါက ဖုန်းနံပါတ် (09799623420/09444453940) ကိုဆက်သွယ်နိုင်ပါတယ်။

•Limited Edition Package
-G.T.B.D Cap
-Audio CD+Lyrics Book
-G.T.B.D Bandana
-G.T.B.D BooK







