BEC-TERO TV

ဒီနှစ်ဆယ်တန်းအောင်ကြသူတွေထဲမှာ ထူးခြားနေတဲ့ အမွှာညီအကိုအမှတ်စာရင်း

22 Jun 2017     1,837 Views


ဆယ်တန်းဆိုတာ နတ်ကြီးတယ် တဲ့။ငယ်ငယ်တုန်းက သိသူတက်သူတွေပြောကြာတာပါ။စာရေးသူတို့ငယ်စဉ်က ဆယ်တန်းအောင်ဖို့ဆိုတာ တော်တော်လေးခက်ခဲသလိုအခုလည်း ခက်ခဲနေဆဲပါပဲ။အချို့တွေကကျရှုံးပြီး၊အချို့ကတော့ အောင်မြင်သွားကြသလို အချို့အချို့တွေကသာ ထူးချွန်စွာနဲ့ဂုဏ်ထူးရကြပါတယ်။ အောင်မြင်ရုံနဲ့လည်းမပြီးသေးပါဘူး၊ အလားတူကျရှုံနေရင်တောင်ရပ်တန့်ဖို့မစဉ်းစားပါနဲ့။အမြဲစေလေ့လာပါ။ဆည်းပူးပါ။ကြိုးစားပါ။အားထုတ်သင်ယူပါ။အဓိက ကတော့ လူဖြစ်မရှုံးဖို့ပဲလိုတာပါ။အတန်းပညာ ကျရှုံးရင်တောင် အတက်ပညာ သင်ယူထားပါ။တစ်ခါတစ်လေ အတန်းပညာထူးချွန်နေပေမယ့် အသိပညာ အားနည်းပါတယ်။ ဒါကြောင့်အသိပညာ၊အတန်းပညာ၊အတက်ပညာ စုံလင်ပါစေ။အဲ့တာမှ လူဖြစ်မရှုံးမှာပါ.

ဒီနှစ်ဆယ်တန်းအောင်စာရင်းထွက်တဲ့နှစ်မှာပဲ အမွှာညီအကိုနှစ်ယောက်လုံး ၁၀တန်းစာမေးပွဲမှာ ခြောက်ဘာသာဂုဏ်ထူးနဲ့အောင်တာဒီတခါပထမဆုံးမြင်ဘူးတယ်ဆိုတဲ့ အကြောင်းလေးနဲ့ ရမှတ်တွေကို လူမှုကွန်ရက်မှာ မျှဝေနေကြတာ တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။မိဘတွေ၊ဆရာတွေအတွက် ဂုဏ်ယူစရာကောင်းသလို ပျော်ရွှင်ကြည်နူးစရာပါ။

 

 

 


22 Jun 2017     1,837 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS