BEC-TERO TV

ဝေဖန်မှုများကြားက ခွေးသားစားပွဲတော်ကို ရိုးရာမပျက် တရုပ်တွင်ဆက်လက်ကျင်းပ

22 Jun 2017     1,837 Views


တရုပ်နိုင်ငံတောင်ပိုင်းရှိ ယုလင်မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ခွေးသားစားပွဲတော်ကို ဝေဖန်ကန့်ကွက်မှုများကြားက ယခုတစ်ပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပွဲတော်ကို ဖျက်သိမ်းမည်ဟု ကောလဟာလများ ထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်း ဒေသခံအာဏာပိုင်များက ပြောဆိုခဲ့ကြသည်။
 
ယုလင်ခွေးသားပွဲတော်ကို ကမ်ယာတစ်ဝှမ်းရှိ ခွေးချစ်သူများက စုပေါင်းကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ ယုလင်ရှိ စာသောက်ဆိုင်များက ခွေးသားစားခြင်းသည်၊ ဝက်သား၊ အမဲသားစားသုံးခြင်းနှင့် တူညီစွာပင် မထူးဆန်းကြောင်းနှင့် အာရှတွင် ခွေးသားစားခြင်သည် ရာစုနှစ်ပေါင်းများစွာထဲက ဓလေ့တစ်ခုဖြစ်ကြောင်း ပြန်လှန်ပြောဆိုခဲ့ကြသည်။


ယုလင် ခွေးသားစားပွဲတော်တွင် ခွေးကောင်ရေ ၁၀,၀၀၀ ကျော် အသုံးပြုလေ့ရှိပြီး ကမ်ယာတစ်ဝှမ်း ခွေးသားစာသူများကြောင့် နှဏ်စဉ် ခွေးကောင်ရေ သန်း ၃၀ ကျော် သေဆုံးရသည်ဟု Humane Society International က ထုတ်ပြန်ကြေညာခဲ့သည်။
 


22 Jun 2017     1,837 Views




RELATED

Most Popular of Special or Others

Most Popular of NEWS