BEC-TERO TV

မန္တလေးရှိ ဖော်မလင်သုံး ပဲပြားစက်ရုံနှစ်ခု ပိတ်သိမ်းခံရ

23 Jun 2017     1,473 Views


စားသောက်ကုန်တစ်ခုဖြစ်သည့် ပဲပြားထုတ်လုပ်ရာတွင် ဖော်မလင် အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် မန္တလေးမြို့ရှိ ပဲပြားထုတ်လုပ်သည့် စက်ရုံ (၂)ရုံကို ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခံရကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌါန၊ စားသုံးသူရေးရာဦးစီဌါန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ဖော်မလင်အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် စက်ရုံနှစ်ရုံ ပိတ်သိမ်းခံခဲ့ရခြင်းဖြစ်သည်။

အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်း ချသူတွေအနေနဲ့ ကိုယ့်ရဲ့ထုတ်ကုန်တွေအပေါ် တာဝန်ယူဖို့ လို အပ်တယ်၊ အများပြည်သူကျန်းမာရေးထိခိုက်စေတယ်ဆိုရင် ထိထိရောက်ရောက် ဆက်လက်ဖော်ထုတ်အရေးယူမှာ ဖြစ်ပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောကြားခဲ့သည်။


ဇွန်လ ၁၂ ရက်နေ့က မန္တလေးမြို့ ရတနာပုံရပ်ကွက် (စ) ဈေးမှာ ရွေ့လျားဓာတ်ခွဲမော်တော်ယာဉ်နဲ့ ဈေးကွက်နမူနာကောက်ယူထားတဲ့ စစ်ဆေးချက်တွေအရ A နဲ့ T အမှတ်တံဆိပ် ပဲပြားတွေမှာ ဖော်မလင်ဆေးရည်အသုံးပြုထားတာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
ဆက်လက်ပြီးစစ်ဆေးရာတွင် 7 နဲ့ Y အမှတ်တံဆိပ်ပဲပြားတွေမှာလည်း ဖော်မလင် အသုံးပြုထုတ်လုပ်ထားတာကို တွေ့ရှိခဲ့ရပါတယ်။

ပိတ်သိမ်းခံခဲ့ရသော စက်ရုံနှစ်ရုံ၏ သန့်ရှင်းမှုနှင့် ပက်သက်ပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “အလုပ်ရုံသန့်ရှင်းမှု အနေအထားကတော့ ကျန်းမာရေးရှုထောင့်အရ လက်ခံနိုင်စရာ လုံးဝမရှိပါ” ဟု သူ၏ လူမှုကွန်ယက် ဖေ့စ်ဘွခ်စာမျက်နှာတွင် ရေးသားထားခဲ့သည်။

Ref:အိမို့မို့ခိုင်


23 Jun 2017     1,473 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS