BEC-TERO TV

မှတ်ပုံတင်ခြင်းမရှိသည့်ဆင်းကတ်များကို အပြီးပိတ်သိမ်းမည့်ရက်ကြေငြာ

23 Jun 2017     1,356 Views


ပြည်တွင်း၌အသုံးပြုနေသော တန်ဖိုးနည်း ငွေကျပ် (၁၅၀၀) တန် ဆင်းကဒ်များကို ဇွန်လ ၃၀ ရက်နေ့အထိ မှတ်ပုံတင်ခွင့်ပြုထားပြီးအဆိုပါနေ့နောက်ပိုင်းမှတ်ပုံတင်ခြင်းမရှိသည့်ဆင်းကတ် များကို ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အပြီး ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ကနေဦးအဖြစ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တန်ဖိုးနည်း ငွေကျပ်(၁၅၀၀)တန် ဆင်းကတ်များကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နောက်ဆုံးထား၍မှတ်ပုံတင်ခြင်းဆောင်ရွက်သွားရန်နှင့် မှတ်ပုံတင်ခြင်းမရှိသည့် ဆင်းကတ်များကို ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီး ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ မှတ်ပုံတင်ခြင်းမရှိသည့်ဆင်းကတ် များကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍အပြီးသတ်ပိတ်သိမ်းသွားမည်ဖြစ်ပါသဖြင့်သုံးစွဲသူပြည်သူများအနေဖြင့်မှတ်ပုံတင်ရန်ကျန်ရှိသည့်ဆင်းကတ်များကိုအချိန်မီစနစ်တကျမှတ်ပုံတင်ရေးဆောင်ရွက်သွားကြရန်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားရှိသည်။


23 Jun 2017     1,356 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS