BEC-TERO TV

ဒဂုံမြို့နယ် ရဲစခန်းရောက် ထူးအယ်လင်းကတော့ ညကကိစ္စကို အခုလိုပြောလိုက်ပြီ

23 Jun 2017     1,322 Views


မနေ့ည (၉း၀၀)၀န်းကျင်က ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ တေးရေး၊တေးဆို ထူးအယ်လင်းက အခုလိုပဲပြောလိုက်ပါတယ်။ "မင်းမနိုင်ရပ်ကွက်မှာ မထင်ထားတာတွေဖြစ်ခဲ့လို့ ... တကယ့်ဖြစ်ခဲ့တဲ့ တရခံကပျောက်သွားပြီး ငါတို့က ရပ်ကွက်နဲ့ဖြစ်ခဲ့ရတဲ့တရားခံက ဘယ်သူလဲ အဓိကတရခံပျောက်သွားတာ အမှူဖြစ်စေတယ်.... ဘာလဲဟ???" ဆိုပြီး Post တင်ထားပါတယ်။

 

 

မနေ့ညက ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီးအခင်းဖြစ်ပွားမှုကိုကနေဦးစတင်ရေးသားလိုက်တဲ့လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက အဆိုပါ ထူးအယ်လင်း Post အောက်မှာ အခုလိုပဲ ပြန်လည်ပြောကြားထားပါတယ်။"ရေးတင်လိုက်တာ ကျွန်တော်ပါ... မြင်တဲ့ အခြေအနေနဲ့ ဓာတ်ပုံရိုက်ထားတာတွေ တင်လိုက်တာပါ။ taxi သမားနဲ့ ဘယ်လိုဖြစ်တာလဲတော့ မသိလို့ပါ။
လွဲသွားရင်ပြောပါ။ ပြင်စရာ ရှိရင် ပြင်လိုက်ပါမယ်။ လက်ရှိရေးထားတာတော့ မျက်မြင်တွေပါပဲ။
"

 

 

ကနေဦးတင်ထားတဲ့ အကြောင်းအရာကတော့"အဆိုတော်တွေတဲ့ ကြည့်ကောင်းအောင် လုပ်ကြပါဦး...ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ အဆိုတော် ထူးအယ်လင်းနဲ့ကော်ဘရာတို့ သောင်းကျန်းကြတယ်။
ဖြစ်တာက taxi နဲ့ကားချင်းညိပြီး taxi ရှေ့ကားပိတ်ရက် ကားပေါ်က taxi သမား မဆင်းတော့ ထူးအယ်လင်းက ပုဆိန်နဲ့ မှန်ကိုခွဲတယ်။ (ကိုယ်တိုင်တော့မတွေ့ဘူး တွေ့တဲ့သူကပြောတာ)ကားသမား ဆင်းလာတော့ ကော်ဘရာ ကအေးဆေးပြောတုန်း ထူးအယ်လင်းက ဝင်ထိုးတယ်။ ကားပေါ်မှာ ပါလာတဲ့ ကောင်မလေးက ဆင်းပြီး ထိုင်ကန်တော့ တောင်းပန်တာကိုပါ ထူးအယ်လင်းက ထိုးလိုက်တယ်။ ဘေးနားမှာ ကြည့်နေတဲ့
ရပ်ကွက်ကလူတွေတောင် ဒေါသထွက်ပြီး ထူးအယ်လင်းတို့ကားကို ခဲနဲ့ဝိုင်းထု လူကိုပါ ထိုးမလို့ လုပ်ကြတာ ရပ်ကွက်က လူကြီးတွေ တားနေလို့ သက်သာယာရသွားတယ်။ အဲဒါတောင် ထူးအယ်လင်းက ပတ်ဆဲနေသေးတယ်။
ရဲတွေရောက်လာတော့ သူတို့ကို ရဲကားနဲ့ခေါ်သွားတယ်။ ဘေးမှာကြည့်နေတဲ့ လူတွေအကုန်လုံး ထူးအယ်လင်း ရဲကားထဲဝင်တော့ လက်ခုတ်ဝိုင်းတီပြီး ဥပဒေအတိုင်း ဖြစ်ကာစေလို့ ဝိုင်းအော်ကြတယ်။
ဒီလောက် ရပ်ကွက်ရှေ့သောင်းကျန်း ရမ်းကားသွားတဲ့ သူတွေကို ဘာနဲ့အရေးယူမှာလဲ ရပ်ကွက်ကစောင့်ကြည့်မေပါတယ်။အခုည ၉နာရီခွဲ လောက်မှာဖြစ်သွားတာ။ ဒဂုံမြို့နယ် ရဲစခန်းမှာ ထူးအယ်လင်းရော ကောဘရာရော ရှိနေမှာပါ။ သတင်းသမားတွေအတွက် ရဲစခန်ကို ဖုန်းဆက်လို့ရပါတယ်။
အမှန်တရား အတိုင်းဖြစ်ကြပါစေ...
" လို့ ဖေ့စ်ဘွတ်ပေါ်မှာ စတင် တင်ခဲ့တာပါ။

 

 

လက်ရှိမှာတော့ ကော်ဘရာ ဇနီးခင်မဉ္ဇူခိုင်ကလည်း "မေးနေကြလို့ ဖုန်းနဲ့ဖြေနေ ရေးနေရတာမောလို့ ဒီကပဲရှင်းပြတော့မယ်.. သွားတုန်းက တူတူသွားစားသောက်ကြတာ မိသားစုလိုက်.. ကိုအယ်ကြီးက မူးနေလို့ မိသားစုပါလို့ ကားမောင်းမှာ စိတ်မချလို့ cobra ကလိုက်မောင်းပေးပြီး သူ့မိသားစုကို မြလေးကခေါ်ပြီး နောက်ကားနဲ့လိုက်တယ်. သူတို့ကရှေ့ကထွက်သွားတယ်. လမ်းရောက်တော့ ကိုအယ်ကပြောင်းမောင်းပြီး taxi တစီးနဲ့ညှိုတယ်. ကိုအယ်မူးနေတော့ ကားပိတ်ရပ် ဆင်းထိုးတယ် cobra လိုက်ဆွဲတောင်းပန်တယ်. ရဲတွေရောက်လာပြီး ခေါ်သွားတယ်. အခုအချုပ်ရောက်နေတယ် ဒါပဲ.. ကိုယ်တွေသားအမိ အိမ်ပြန်လာပြီး အိပ်ပြီ.. စိတ်ပူကြသူများ မပူပါနဲ့.. cobra ဘာမှမလုပ်ထားတော့ ဘာမှ ကြီးကြီးကျယ်ကျယ်မဖြစ်ပါဘူး.."ဖြေရှင်းချက် ပေးထားပါတယ်။

 

 

မနေ့က ညပိုင်းမှာ ကော်ဘရာ မိသားစုနဲ့ ထူးအယ်လင်းမိသားစုတို့အတူတူတွေ့ဆုံးစားသောက်ပြီး အိမ်ပြန်လမ်းမှာ အခုလိုဖြစ်ခဲ့တာပါ။ကော်ဘရာကတော့ "​တွေ့ပြီ​လေ အဖျား​ပျောက်​တဲ့အထိမ်းအမှတ်​" ဆိုပြီး ဖေ့စ်ဘွတ်မှာ အမှတ်တရ တင်ထားပါတယ်။


23 Jun 2017     1,322 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS