BEC-TERO TV

တရုတ်​ကို မူဆယ်​မှာကုန်​သည်​များကဆန္ဒ​ဖော်​ထုတ်

23 Jun 2017     1,219 Views


တရုတ်​ဖက်​မှဘဏ်​အ​ကောင့်​ပိတ်​ခြင်းနှင့်​မူဆယ်​မှာကုန်​သည်​များက ဆန္ဒ​ဖော်​ထုတ်​ခြင်း အခမ်းအနားက ယနေ့မနက်အစောပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၇ ဇွန်လ ၁၅ ရက်နေ့မှ စ၍ မြန်မာနိုင်ငံသား ပို့ကုန် သွင်းကုန် ကုန်သည်လုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများကို တရုတ်ဘက်မှ ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယာယီတာဝန်ခံMr.ChenChenပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌတို့ဇွန်လ၂၂ရက်နေ့တွင်တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင်မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယာယီတာဝန်ခံ Mr. Chen Chen သည် ရန်ကုန်မြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်းနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်ဦးနှစ်ဖက်တို့သည် တရုတ်ဘက်မှ Online လောင်းကစားမှုအား စုံစမ်းစစ်ဆေးရာ၌ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်လျက်ရှိသောကုန်သည်အချို့၏ ဘဏ်ငွေစာရင်းများ အပိတ်ခံရခြင်းနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ယာယီတာဝန်ခံ Mr. Chen Chen က အမှုလက်ရှိအခြေအနေအား ရှင်းလင်းပြောကြားပြီး တရုတ်သက်ဆိုင်ရာဌာနမှ တရားမဝင်လှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးရာတွင် တရားဥပဒေနှင့်အညီ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်လျက်ရှိသောမြန်မာကုန်သည်အချို့၏ ဘဏ်ငွေစာရင်းများအား ယာယီ ပိတ်သိမ်းစစ်ဆေးခဲ့ကြောင်း၊ တရုတ်ဘက်မှ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက် မှုနှင့် နှစ်နိုင်ငံပြည်သူများအကြား အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန် မြန်မာသက်ဆိုင်ရာဌာန များနှင့် အတူတကွကြိုးပမ်းလျက် သက်ဆိုင်ရာပြဿနာကို အမြန်ဆုံးကောင်းမွန်စွာဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဥက္ကဌ ဦးဇော်မင်းဝင်းက မြန်မာဘက်မှ တရုတ်ဘက်၏ တရားဥပဒေနှင့်အညီ သက်ဆိုင်ရာ လုပ်ဆောင်ချက်အပေါ် နားလည်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်တို့ အတူတကွ ကြိုးပမ်းမှုဖြင့် သက်ဆိုင်ရာ ပြဿနာကို အမြန်ဆုံးကောင်းမွန်စွာဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။လက်ရှိတွင်​မူဆယ်​မှာကုန်​သည်​များက ဆန္ဒ​ဖော်​ထုတ်​ခြင်းများဆောင်ရွက်လျက်ရှိသည်။

Source:Nyi Nyi Tun,တရုတ်သံရုံ

 


23 Jun 2017     1,219 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS