BEC-TERO TV

အဖွားအို တစ်ဦးအားဓားနဲ့ထိုးအကြမ်းဖက် လုယက်မှု စစ်ကိုင်းတိုင်းတွင်ဖြစ်ပွား

23 Jun 2017     1,228 Views


စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်ရွာကုန်းကြီးရဲစခန်းအပိုင် ရေရှင်ကျေးရွာတွင်အဖွားအို တစ်ဦးအားဓားထိုး အကြမ်းဖက်လုယက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ မနေ့က(၂၂.၆.၂၀၁၇)နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်ယခုပုံပါအသက် 70နှစ် နီးပါးအရွယ်အဖွားအိုမှာ ၎င်း၏နေအိမ်တွင်တစ်ဦးတည်းရှိနေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူဟု ယူဆရသည့် ရေရှင်ကွက်သစ်တွင်နေထိုင်သူ အမည်မသိတစ်ဦးမှ ( သူ၏ ပုဆိုးအားခြုံ၍ ရုပ်ဖျက်ကာ) အဖွားအိုအားဓားဖြင့် ထိုးနက်အကြမ်းဖက် လုယက်ခြင်းဖြစ်ကြောင်း ကနေဦးသိရှိရသည်။

 


23 Jun 2017     1,228 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS