BEC-TERO TV

အိမ်အကူကို အိမ်အပြင်ဖက်လျှောက်လမ်းမှာ အိပ်ခိုင်းတဲ့ကိစ္စ အိမ်ရှင်ဖြေရှင်းပြီ

23 Jun 2017     1,292 Views


လွန်ခဲ့သော ရက်သတ္တပတ်က စင်ကာပူနိုင်ငံမှ အိမ်အကူတစ်ဦးအား အိမ်ရှင်မှ ခရီးသွားနေစဉ်တွင် အိမ်အပြင်ဖက် လူသွားစင်္ကြန်မှာသာ အိပ်ခိုင်းခဲ့ကြောင်း သတင်းနှင့်တစ်ကွ မိန်းကလေးတစ်ဦး လျှောက်လမ်းတွင် အိပ်ပျော်နေသည့်ပုံ အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။

အဆိုပါ စွပ်စွဲချက်များမှာ မမှန်ကန်ကြောင်း အိမ်ရှင်မှ ဖြစ်စဉ်အပြည့်အစုံကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ထိုဓါတ်ပုံမှာ အွန်လိုင်းသုံးသူတစ်ဦးက ဇွန်လ ၁၈ ရက်နေ့က ရိုက်ကူးခဲ့ပြီး “စင်ကာပူရှိ ဖိလစ်ပိုင်များအဖွဲ့” စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ရာမှ အကြီးအကျယ်ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။


အိမ်ရှင်ဖြစ်သူ၏ ပြန်လာဖြေရှင်းချက်တွင် ထိုအချိန်က သူတို့မိသားစု အိန္ဒိယသို့ ခရီးသွားနေချိန်ဖြစ်ပြီး၊ ယင်းကဲ့သို့ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေကြောင်းကို မသိရှိခဲ့ရပေ။ သို့သော် သူတို့၏ အိမ်အကူ (ဓါတ်ပုံထဲက ကာယကံရှင်) ဖိလစ်ပိုင် အမျိုးသမီးက သိရှိသွားခဲ့ပြီး အိမ်ရှင်ဖြစ်သူအား ဖြစ်စဉ်ကို ညတွင်းချင်း မက်ဆေ့ပိုကာ လှမ်းပြောပြခဲ့သည်။

ထိုစာကို အိန္ဒိယရှိ အိမ်ရှင်ဖြစ်သူက နောက်နေ့ ၁၉ ရက်နေ့ နံနက်မှ မက်ဆေ့တွေ့ခဲ့ရခြင်းဖြစ်ပြီး အထိတ်တလန့်ဖြစ်ကာ စင်ကာပူရှိ လူစွမ်းအားဝန်ကြီးဌါန (Minstry of Manpower) ကို ချက်ခြင်းဆက်သွယ်အကြောင်းကြာကာ အမြန်ဆုံးလာရောက်ဖြေရှင်းမည်ဖြစ်ကြောင်း အချိန်းအချက်ရယူခဲ့သည်။

ပြည်တွင်းသတင်းဌါနက အဆိုပါ အိမ်အကူနှင့် ဆက်သွယ်မေးမြန်းရာတွင် သူမက-
အားလုံး ကျွန်မရဲ့ အမှားတွေပါ၊ အဲဒီနေညက သူတို့ပြန်လာမယ်ထင်ပြီး အိမ်အပြင်ဘက်ကနေ အိပ်စောင့်ဖို့ ကျွန်မရွေးချယ်ခဲ့တာပါ။ ဒီကိစ္စကြောင့် ဘယ်သူကိုမှ ဒုက္ခမရောက်စေချင်ပါဘူး” ဟု ပြောကြားခဲ့သည်။

ဇွန်လ ၂၀ ရက်နေ့တွင် ပြန်ရောက်ရောက်ချင်း အိမ်ရှင်ဖြစ်သူက အဖြစ်မှန်ကို ရှင်းပြရန် သူတို့ဘာအမှားမှမလုပ်ကြောင်း ရှင်းလင်းရန် အိမ်အကူအား MOM ရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌါန(MOM) အနေနှင့် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 


23 Jun 2017     1,292 Views




RELATED

Most Popular of International News

Most Popular of NEWS