BEC-TERO TV

ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေနတ်ထိမှန် သေဆုံးသဖြင့် စက်ယန္တယားများကို မီးရှို့ဖျက်ဆီးကာ ပစ်ခတ်သည့် ရဲကိုပြန်လည် ဖမ်းဆီး မှုဖြစ်ပွား

26 Jun 2017     1,275 Views


၂၅.၆.၂၀၁၇နေ့ ညနေ ၄:၀၀ နာရီ အချိန်ခန့်တွင် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်ကျေးရွာ အုပ်စု ဖဝါအကျိုးတူ လုပ်ကွက်အတွင်း( ကုမ္မဏီ၊ လုပ်ကွက်အမှတ် မသိရသေး ) တရားမဝင် ရေမဆေးကျောက် ဝင်ရောက်ရှာဖွေရန် ရောက်ရှိလာသော ရေမဆေးကျောက် ရှာဖွေသူများအား လုံခြုံရေး ရဲတပ်ရင်းမှ ခြောက်လှန့် ပစ်ခတ်ရာမှ ရေမဆေးသမား တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သည်။

 


အဆိုပါ လုံးခင်းမှော်ဘက်တွင် တူးဖော်ရေးလုပ်ငန်များ လုပ်ကိုင်နေဆဲ ကုမ္မဏီများမှ ရေမဆေးရှာဖွေသူများအား ၎င်းတို့၏ လုပ်ကွက်များအတွင်း အချိန်ပိုင်း ဝင်ရောက်ရှာဖွေ တူးဖော်ခွင့် ပြုခဲ့သည်။ ကုမ္မဏီများမှ နေ့စဉ်နေ့တိုင်း ညနေ ၄:၃၀ မှ ၆:၀၀ နာရီထိ ရေမဆေးသမားများကို ရှာဖွေတူးယူခွင့် ပေးခဲ့ကြသည်။
ရေမဆေးကျောက် ရှာဖွေသူအချို့က သတ်မှတ်ထားသည့် အချိန် ၄:၃၀ ထက်စောပြီး လုပ်ကွက်ထဲ ဝင်တူးရန် ကြိုးစားကြရာ ကုမ္မဏီမှ လုပ်ငန်းများ မသိမ်းမှီ စောပြီး ဝင်ရောက်ကြသောကြောင့် တားဆီးနိုင်ရန် ရဲတပ်ဖွဲ့ဝင်များကို အမြဲခေါ်ထားရသည်။

 


ယခု ပစ်ခတ်သေဆုံးရခြင်းမှာလည်း ရေမဆေးသမားများဘက်မှ သတ်မှတ်ထားသော ဝင်ခွင့်ပြုမည့် အချိန်ကို လိုက်နာခြင်းမရှိပဲ စည်းကမ်းချိုးဖောက်ကာ ဝင်ရောက်သောကြောင့် ရဲတပ်ဖွဲ့မှ ဟန့်တားခြောက်လှန့် ပစ်ခတ်ရာမှ သေနတ်ထိမှန် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

 


ရေမဆေးသမားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့သည့်အတွက် ရေမဆေးရှာဖွေသူများမှ အဆိုလုပ်ကွက်အတွင်းရှိ ဘက်ဟိုး(မြေတူးစက်)များကို မီးရှို့ဖျက်ဆီးပြီး ဘက်ဟိုး (၅) စီး မီးရှို့ဖျက်ဆီးခဲ့ပြီး ဆက်လက်ဖျက်ဆီးနေဆဲဟုလည်း သိရပါသည် ။သေနတ်ဖြင့် ပစ်ခတ်သည့် ရဲ ကိုလည်း ရေမဆေးများမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - ဇော်မိုးထက်(ဖားကန့်)



 


26 Jun 2017     1,275 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS