BEC-TERO TV

ယနေ့မနက်တွင် မသင်္ကာစရာထူးဆန်းမှုရှိတဲ့ အ​လောင်း တွေ့ရှိ

26 Jun 2017     1,295 Views


ပေါင်​မြို့နယ်​ပန်းကုန်း​ကျေးရွာ မကသဲတံတား ​အောက်​တွင်​ ယနေ့မနက်ပိုင်း (ဇွန်​လ၂၆) နံနက်​ပိုင်းကလူ​သေ​လောင်း တစ်​​လောင်း​တွေ့ရပြီး ဦး​ခေါင်းချို​စောင်းကွဲလျှက်​ အ​နေထား​တွေ့ရှိရကြောင်းသိရှိရသည်။

" အ​လောင်းအနီး​ချောင်းထဲမှာ၎င်းစီးလာ​တဲ့ဆိုင်​ကယ်​ကိုပါပျက်​ဆီး​နေတဲ့အ​နေထားဖြင့်​​တွေ့ရသလို ဆိုင်​ကယ်​​သော့က ​သေသူရဲ့ခါးကြားမှာ​ တွေ့ရပါတယ်။ ​မောင်းလာစဉ်​ဆိုင်​ကယ်​ကျသွားခြင်းမဟုတ်​သလိုပဲ"လို့တွေ့ရှိသူ တစ်ဦးကဆိုသည်။
 

ထို့အပြင်​တံတား​ပေါ်၌၎င်း၏ဖိနပ်​ တဖက်​ကျန်​​နေသည်​ကို တွေ့ရှိရသည်။သေဆုံးသူမှာ ဇင်းကျိုက်​ခ​လောက်​အင်းရပ်​ကွက်​မှဦးဘုတ်​အိ(ခ )ဒိုက်​ဘွတ်​ရဲ့သားအကြီး ၀တုတ်​ ဆိုသူ ဖြစ်​ကာအသက်​၂၅ နှစ်​ခန့်​ရှိ​ကြောင်းသိရသည်​။

Source: Paung Daily


26 Jun 2017     1,295 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS