BEC-TERO TV

အသက်အရွယ်နဲ့မလိုက် ပြစ်မှုကျုးလွန်သူ

26 Jun 2017     1,293 Views


ဈေးဝယ်ဟန်ဆောင်ပြီးနေအိမ်ဈေးဆိုင်အတွင်းဖုန်းဝင်ရောက်ခိုးယူသူအားဖမ်းဆီးရမိခဲ့တဲ့သတင်းကိုတင်ပြလိုက်ပါတယ်။ဖြစ်စဉ်မှာ မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်၊ကြံ့ခိုင်ရေးလမ်းရှိဦးမင်းအောင်ဟိန်း နေအိမ်ဈေးဆိုင်အတွင်းဖုန်းဝင်ရောက်ခိုးယူသူအား နေအိမ်ဈေးဆိုင်ရှေ့တွင်တပ်ဆင်ထားသောCCTVမှတ်တမ်းများအရသက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းစစ်ဆေးရာ အမှတ်(၃)ရပ်ကွက်၊ကျွန်းတော(၂)လမ်းတွင်နေထိုင်သူ မယွန်း(ဘ)ဦးဝင်းကို ဖြစ်ကြောင်း သိရှိရသည်။


ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့များနှင့်အတူခေါ်ယူ၍ မေးမြန်းရာ Mi Note ဖုန်း (၁)လုံး ၊ကာလတန်ဖိုး (၂၀၀,၀၀၀ိ ခန့်)အား နေအိမ်ဈေးဆိုင်အတွင်းဝင်ရောက်ခိုးယူခဲ့ပြီးအမိန့်ရအပေါင်ဆိုင် ဦးနိုင်ထွန်းထံတွင်
(၆၀,၀၀၀)ကျပ်ဖြင့် ပေါင်နှံထားခဲ့ကြောင်းသိရှိရသဖြင့် တရားလိုမှ အမှုဖွင့်အရေးယူပေးရန်တိုင်တန်ခဲ့သည်။ လက်ရှိတွင်မြဝတီမြို့ရဲစခန်းမှ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက်ရှိသည်။


26 Jun 2017     1,293 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS