BEC-TERO TV

အတွဲတွေကို ပစ်မှတ်ထားတဲ့ ဂိုဏ်းချုပ်တစ်ဦး ဖမ်းမိ

26 Jun 2017     1,263 Views


အတွဲများထံမှ လုယက်ခိုးယူနေသည့် ဂိုဏ်းချုပ်တစ်ဦး ဖမ်းမိနိုင်ခဲ့သည်သတင်းကိုတင်ပြလိုက်ပါတယ်။ဖြစ်စဉ်ကတော့ မော်လမြိုင် တက္ကသိုလ် တောင်ဝိုင်း၌ အတွဲများထံမှ ရွှေငွေပစ္စည်းများ လုယက်သည့် သူခိုးဂိုဏ်းချုပ် တစ်ဦးကို ဇွန်လ ၂၅ ရက်နေ့ ညဦးပိုင်ပက မော်လမြိုင်ခရိုင်မှုခင်းနှိမ်နင်းရေး ရဲအုပ်ဇော်ဝင်းအောင် ဦးစီးသောတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ထို့နောက်မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်ရှိအဆိုပါသူခိုးဂိုဏ်းချုပ်နေထိုင်ရာ နေအိမ်လိုင်းခန်းအတွင်းမှ ငွေ သိန်း ၁၆၀ နှင့် ရွှေဘောင်ချာ အရွက် ၂၀ မော်တော်ဆိုင်ကယ်တစ်စီးနှင့် အခြားသက်သေခံပစ္စည်း တို့ကို သိမ်းဆည်းရမိခဲ့ပြီး မုပွန်နယ်မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Source:KM


26 Jun 2017     1,263 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS